သမ္မတသက်တမ်း ထပ်မံ အရွေးခံရန် ကြိုးပမ်းနေသည့် ရှီကျင့်ဖျင်က'ဘုံသာယာဝပြောရေး' အစီအစဉ်များကို စွန့်လွှတ်

သမ္မတသက်တမ်း ထပ်မံ အရွေးခံရန် ကြိုးပမ်းနေသည့် ရှီကျင့်ဖျင်က'ဘုံသာယာဝပြောရေး' အစီအစဉ်များကို စွန့်လွှတ်

တရုတ်နိုင်ငံအစိုးရ တာဝန်ရှိသူများက လွန်ခဲ့သာ လအနည်းငယ်အထိ နည်းပညာကုမ္ပဏီကြီးများနှင့် ကြွယ်ဝချမ်းသာသော ထင်ရှားကျော်ကြားသူများအပေါ် ပြစ်ဒဏ်များချမှတ်လျက် ဘုံသာယာဝ ပြောရေးခေတ်သစ်ကို ရေပန်းစားအောင် လုပ်ဆောင်ခဲ့သော်လည်း သမ္မတရှီကျင့်ဖျင်က သမိုင်းဝင်တတိယသက်တမ်းအတွက် အာဏာရယူရန် ကြိုးပမ်းလာချိန်တွင် နိုင်ငံ၏စီးပွားရေးကို တည်ငြိမ် ကြီးထွားလာစေရန် အာရုံပြောင်းလာပြီဖြစ်ကြောင်း Hong Kong Post သတင်းကဖော်ပြသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏မဲဆွယ်စည်းရုံးမှုကို ရပ်နားထားကာ နိုင်ငံဘဏ္ဍာရေးအလားအလာ မျှော်လင့်အားရဖွယ်မရှိချိန်တွင် ကြွယ်ဝချမ်းသာမှုကို မျှဝေရန် ရှီ၏တွန်းအားပေးမှုသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်ဖန်တီးရေးအတွက် မဏ္ဍိုင်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို ဆုတ်ယုတ်စေသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှီသည် ယခုနှစ်နှောင်းပိုင်းတွင် တတိယ ၅ နှစ်သက်တမ်းအတွက် ပြန်လည်အရွေးခံရန် ပြင်ဆင်နေချိန်တွင် ၎င်း၏အုပ်ချုပ်မှုအောက်တွင် ပိုမိုသာယာဝပြောပြီး သြဇာအရှိန်အဝါရှိသော တည်ငြိမ်သည့် တရုတ်နိုင်ငံအဖြစ် ပုံဖော်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

အစီအစဉ်ပြောင်းလဲမှုသည် တရုတ်ကွန်မြူနစ်ပါတီက ရေရှည်ရည်မှန်းချက်အဖြစ် ဆက်လက် အကောင်အထည် ဖော်နေသော ရှီ၏အစီအစဉ်များကို လုံးဝစွန့်လွှတ်ခြင်းထက် နည်းဗျူဟာအရ နောက်ဆုတ်ခြင်းပင်ဖြစ်သည်။

ရှီ၏ ဘုံသာယာဝပြောရေး လှုပ်ရှားမှုသည် နိုင်ငံ၏ ကြီးမားကျယ်ပြန့်လာသော ချမ်းသာမှုကွာဟချက်ကို ပိတ်ပင်ရန်၊ ပြည်တွင်းစားသုံးမှုကို တွန်းအားဖြစ်စေနိုင်သော လူလတ်တန်းစားကို တည်ဆောက်ရန်နှင့် အကြွေးတင်စေမည့်ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကတိကဝတ်ပြုထားသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကို တိုက်ဖျက်ရန် တင်းကျပ်သောပိတ်ဆို့မှုများ ချထားမှုနှင့် ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်လာသဖြင့် တရုတ်စီးပွားရေးစနစ်အပေါ် ယုံကြည်မှု လျော့နည်းလာကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly