မေလ ၅ ရက်
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၂) နှင့် (၆)တို့အား လက်နက်ခဲယမ်း ဖြည့်တင်းရန် Project 7 အမည်ဖြင့် ငွေအလှူခံမှုကို CDM ဗိုလ်ကြီး ညီသုတနှင့် ပူးပေါင်းကာ ပြုလုပ်လျက်ရှိသည်။
ကရင်နီပြည်နယ်သည် လက်ရှိတိုက်ပွဲများပြင်းထန်နေသည်ဖြစ်ရာ ခဲယမ်းနှင့်လက်နက်ကြီးလိုအပ်ချက် ဖြည့်တင်း နိုင်ရန်ရည်ရွယ်ပြီး အလှူခံခြင်းဖြစ်ကြောင်း KNDF တပ်ရင်း(၆ )က ထုတ်ပြန်ထားသည်။
ထိုအလှူခံကမ်ပိန်းကို အချိန်နှစ်ပတ်တာကာလ သတ်မှတ်ပြီး ကျပ်သိန်း ၁,၀၀၀ ခန့် ရရှိရန် မျှော်မှန်းထားသည်။
လှူဒါန်းသူများ၏ လုံခြုံရေးအတွက် ဂရုတစိုက်စီစဉ်ထားကြောင်းနှင့် ပါဝင်လှူဒါန်းလိုသူများသည် NyiThuta’s Diary အမည်ရှိ Facebook Page တွင် ဆက်သွယ်ပါဝင်နိုင်ကြောင်းနှင့် KNDF မှ တာဝန်ရှိသူများ ကိုယ်တိုင် Page Admin အဖြစ် တိုက်ရိုက် လက်ခံနေသည်ဟု ဆိုသည်။
ထိုအကြောင်းအရာနှင့် ပတ်သတ်၍ KNDF တပ်ရင်း (၆) မှ ရဲဘော် ဇော်ထက်က စစ်ရေး အခြေအနေများ အပါအဝင် Project 7 အကြောင်း ရှင်းလင်းဖြေကြားထားသည်။