ချင်းမိုင်ကောင်စစ်ဝန်ရုံးမှ မြန်မာသံဝန်ထမ်း CDM လုပ်

ချင်းမိုင်ကောင်စစ်ဝန်ရုံးမှ မြန်မာသံဝန်ထမ်း CDM လုပ်

မေ ၅

နောက်ထပ် မြန်မာသံဝန်ထမ်းတစ်ဦး အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာမှုပြုပြန်ပါပြီ။

ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးတွင်အမှုထမ်းလျက်ရှိသော သံအမှုထမ်း ဒေါ်မြသင်္ဂီက စစ်အုပ်စုလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသောကြောင့် CDM ပြုလုပ်ကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ကြေညာလိုက်သည်။

" ကျွန်မသည် ၃-၅-၂၀၂၂ ရက်နေ့မှစ၍ မိမိ မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုသည့်ဆန္ဒမရှိခြင်း၊ နိုင်ငံတကာစာမျက်နှာတွင်လည်း အဆိုပါ တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျကိရှိသည့် မြန်မာနိုင်ငံပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုများကို လုံးဝ လက်မခံနိုင်ခြင်းတို့ကြောင့် ကျွန်မသညိ အခြားသော CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနှင်အတူ ပြည်သူ့ဘက်မှ ရပ်တည်၍ Civil Disobedient Movement (CDM) တွင် ပါဝင်သွားမည် ဖြစ်ပါသည်။" ဟု သူက ရေးသားထာားသည်။

" ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြည်သူများနှင့် ဓမ္မဘက်မှသာ အခိုင်အမာရပ်တည်သွားမည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိပါသည်။" ဟု လည်းပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly