မားစ်ကြောင့် တောင်ကိုရီးယားကို ရှောင်ကွင်းလာကြ၍ ဂျပန်သို့ တရုတ်ကမ္ဘာလှည့်များ ပိုမိုဝင်ရောက်လာမည်

မားစ်ကြောင့် တောင်ကိုရီးယားကို ရှောင်ကွင်းလာကြ၍ ဂျပန်သို့ တရုတ်ကမ္ဘာလှည့်များ ပိုမိုဝင်ရောက်လာမည်

ပေကျင်း၊ ဇွန်-၂၆ ။        ။ ပြည်ဝင်ခွင့်ပေါ်လစီသစ်၊ ငွေလဲနှုန်းနှင့် တောင်ကိုရီးယားမှာ အရှေ့အလယ်ပိုင်း အသက်ရှူ လမ်းကြောင်းရောဂါ မားစ်ဖြစ်ပွားနေသောကြောင့် နိုင်ငံခြားတွင် နွေရာသီအားလပ်ရပ် အပန်းဖြေမည့် တရုတ်ကမ္ဘာလှည့် များအတွက် ရေပန်းအစားဆုံးနေရာက ဂျပန်ဖြစ်ဖွယ်ရှိသည်။ 

ဇွန်လတစ်လတည်းမှာပဲ ဂျပန်ခရီးစဉ်ကို ကြိုတင်စာရင်းပေးသည့် ခရီးသည်ပေါင်း ၁၀၀၀၀ ရှိခဲ့ခြင်းကြောင့် ၁၀၀ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု Ctrip.com မှာလွှင့်တင်လာသည့် သတင်းအရ သိရှိရသည်။  

‘တရုတ်ကမ္ဘာလှည့်တွေဟာ ဒီနွေမှာ ဂျပန်ကို အလုံးအရင်းနဲ့ သွားကြလိမ့်မယ်’ဟု နန်ကျင်းအခြေစိုက် တရုတ်အွန်လိုင်း ခရီးသွားအေဂျင်စီဖြစ်သော Tuniu.comက ပြောကြားခဲ့သည်။  လတ်တလော ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ပျံ့ ပွားနေသောကြောင့် တရုတ်ခရီးသည်များက ၎င်းတို့၏ အားလပ်ရက်အစီအစဉ်များကို ပြောင်းလဲခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

‘မားစ်ကြောင့် အကြီးအကျယ်အကျိုးအမြတ်ရသွားသူကတော့ ဂျပန်ပါပဲ’’ဟု ပြည်တွင်းခရီးသွားအေဂျင်စီတစ်ခု၏ မန်နေဂျာတစ်ဦး က ပြောကြားခဲ့သည်။

မူလက တောင်ကိုရီးယားဆိပ်ကမ်းများတွင် ဆိုက်ကပ်ရပ်နားရန် စီစဉ်ထားသည့် အပျော်စီးသင်္ဘောတစ်ချို့မှာလည်း ဂျပန်ဆိပ် ကမ်းများသို့ ပြောင်းလဲဆိုက်ကပ်ရန် စီစဉ်ခဲ့ကြသည်ဟု ဆိုသည်။ မူလက တောင်ကိုရီးယားသို့ အလည်အပတ်သွားရောက်ရန် စီစဉ်ခဲ့သော်လည်း သူမ၏ နွေရာသီအားလပ်ရက်ကို ဂျပန်တွင်ပင် ကုန်ဆုံးတော့မည်ဟု ၃၁နှစ်အရွယ် ပေကျင်းမှ အိမ်ရှင်မ ဝမ်ယွန်ယွန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly