ရွှေပြည်သာမှာ လူမိုက်တွေကို ဘယ်လို ဖမ်းမလဲ

ရွှေပြည်သာမှာ လူမိုက်တွေကို ဘယ်လို ဖမ်းမလဲ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်မှာနေတဲ့ ဦးသိန်းဦး ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူ ဒီနေ့ ဖတ်လိုက်ရတဲ့ သတင်းစာ ထဲမှာ မိုက်ကြေးခွဲကာ ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေသည့် ရွှေပြည်သာမြို့နယ်က လူမိုက်ခေါင်း ဆောင် နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ ဓားနဲ့ ပြန်လည်ခုခံလို့ သေနတ်ဖြင့် ပစ်ခက် ဖမ်းဆီး ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် အချို့ ဒစ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းကြောင်း စာရေးချင်လို့ ရေးလိုက်တဲ့ စာလို့ ဆိုပါတယ်။ တနည်းအားဖြင့် ပြောရရင် ရွှေပြည်သာက ပြည်သူတွေ သူတို့ရဲ့ ဒဏ်ကို ဘယ်လိုခံ ခဲ့ရတယ်ဆိုတာ ပြောပြချင်လို့ပါလို့ ပြောပါတယ်

တကယ်တော့ ရွှေပြည်သာမြို့နယ်ဟာ ရထားလမ်း၊ ကားလမ်း အဆင်ပြေပြီး ဒညင်းကုန်းမှာရှိ တဲ့ ဟင်းသီးဟင်းရွက်ဈေးနဲ့လည်း နီးတဲ့အတွက် နေတဲ့သူတွေအတွက် နေလို့ကောင်းတဲ့ မြို့နယ်တစ် မြို့နယ် ဖြစ်ပါတယ်။ ဒါက အရင်ကပါ။ နောက်တော့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရတဲ့ သူတွေ မဟုတ်ဘဲ အနယ်နယ်အရပ်ရပ်က အလုပ်အကိုင်အတွက် ပြောင်းရွှေ့ နေထိုင်သူတွေ၊ နေရာအဆင်မပြေ လို့ပြောင်းလာသူတွေနဲ့ လူဦးရေ များပြား ထူထပ်လာပါတယ်။ အဲဒီမှာတင် ဇရှိသူတွေက ရပ်ကွက် ထဲ လမ်းထဲမှာ အရက်သောက်ရင်း မူးပြီး ဆဲဆိုကာ၊ ရမ်းကားတာတွေလုပ်ပြီး လူတို့လုပ်တာကို ဘယ်သူမှ အရေးယူဖို့ တိုင်တာမရှိတော့ တစ်စထက်တစ်စ အတင့်ရဲလာပြီး အုပ်စုဖွဲ့ ရမ်းကားကာ မိုက်ကြေးခွဲတာအပြင် မကောင်းတဲ့ ဒုစရိုက်လုပ်ငန်းတွေဖြစ်တဲ့ လောင်းကစား နှစ်လုံး၊ သုံးလုံး၊ ဘောလုံး ဒိုင်တွေက သူတို့ကို လူမိုက်မွေးပြီး အကြွေးတောင်းတာ ပေါက်ရက်နဲ့ မလျော်တာတွေကို အနိုင်ကျင့် လုပ်ဆောင်လာကြပါတယ်။

စီးပွားရေးသမားတွေကလည်း အရက်ဆိုင်ကို လိုင်စင်နဲ့ရော၊ ပုန်းရောင်းတာရော လုပ်လာကြ ပြီး လူမိုက်တွေကို မွေးမြူအားပေးနေတာကြောင့် လူမိုက်ဆိုပြီး သူတို့လုပ်ချင်သလို လုပ်နေခဲ့ကြတာ ပါ။ အခြား စီးပွားရေးလုပ်တဲ့ သူတွေကလည်း သူတို့ကို ပေးကျွးပြီး ရပ်ကွက်ထဲမှာ ထင်သလို ပြုမူနေ ကြတာကို ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေနဲ့ တာဝန်ရှိတဲ့ ရဲတပ်ဖွဲက မသိသလို မဆိုင်သလို နေခဲ့ကြလို့ အခုလို သေနတ်နဲ့ ပစ်ခေတ်ဖမ်းဆီးရတဲ့ အဆင့်ထိ ရောက်ခဲ့ရတာလို့ ဆိုပါတယ်။ အစော ကြီးကတည်းက အရေးယူခဲ့ရင် လူတွေ ဒီလောက်အထိ ဒုက္ခရောက်ခဲ့ရာမှာ မဟုတ်ဘူး။ သူတို့က လူလူချင်းမို့ ကြောက်စရာမလိုပေမယ့် သူတို့မှာ အမြဲဆောင်ထားတဲ့ လူကို သေစေနိုင်တဲ့ ဓားမျိုးစုံ၊ တုန်မျိုးစုံတွေကြော်င့ သူတို့နဲ့ ဖက်ပြီး မပြိုင်ခဲ့ကြတာက ကိုယ်တိုင်အပြင် မိသားစုတွေပါ အဖြစ်ဆိုးနဲ့ ရင်ဆိုင်ကြရမှာ စိုးတဲ့အတွက်ပါလို့ ပြောပါတယ်။

အခု သတင်းစာတွေမှာပါတဲ့ ဖမ်းမိတဲ့ လူမိုက်တွေအပြင် နော်ကထပ်လည်း ရပ်ကွက်တိုင်းမှာ ရှိနေပါသေးတယ်။ ပြည်သူတွေက တိုင်မှ ဖမ်းမယ်ဆိုရင် တိုင်တဲ့ပြည်သူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ မိသားစု လုံခြုံရေးကို ထိခိုက်လာနိုင်ပါတယ်။ တာဝန်ရှိတဲ့သူတွေဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ အဖွဲ့အသီးသီးတို့ ကိုယ်တိုင် ကွင်းဆင်းစုံစမ်းပြီး လူမိုက်တွေ အမြစ်ပြက် သွားအောင် လုပ်ဆောင်ပေးစေချင်ပါတယ်။ ရွှေပြည်သာမှာနေတဲ့ လူနည်းစုဟာ ချမ်းသာတဲ့သူ နည်းပါတယ်။ အများစုက တစ်နေ့လုပ်မှ တစ်နေ့စားကြရတဲ့ ဘဝတွေကို အနိုင်ကျင့် မိုက်ကြေး ခွဲခံရ၊ နှိပ်စက်ခံရတာက မဖြစ်သင့်တဲ့အတွက် ဖမ်းတယ်ဆိုရုံမဟုတ်ဘဲ စီမံချက်ကို အင်နဲ့အားနဲ့ တစ်ပြိုင်နက်တည်း အရေးယူ ဖမ်းဆီးပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်ပေးစေလိုကြောင်း ရေးလာ တဲ့စာကို ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly