ပြည်သူ့လွှတ်တော်သစ်သို့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ သဝဏ်လွှာပေးပို့

ပြည်သူ့လွှတ်တော်သစ်သို့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ သဝဏ်လွှာပေးပို့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ။ ။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့် အတွက် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ (Open Myanmar Initiative) က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာကို ဖေဖော်ဝါရီ ၁ရက်က ပေးပို့ခဲ့သည်ဟု အဖွဲ့ဝင် ကိုဉာဏ်က မဇ္ဈိမသို့ပြောသည်။

သဝဏ်လွှာတွင် နိုင်ငံသူ နိုင်ငံသားများက တခဲနက် ရွှေးချယ်တင်မြောက်ခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်ကြီးဖြစ်သည်နှင့်အညီ ကိုယ်စားပြုမှု မြင့်မားသည်မှာ ဧကန်ဖြစ်ပါလိမ့်မည်ဟု ရေးသားထားသည်။

နိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးဆိုင်ရာ မူဝါဒများချမှတ်ပုံဖော်ရာ၌ ယခင်လွှတ်တော်များထက် ပိုမိုစွမ်းဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဆက်လက်ပါရှိသည်။

''ပြည်သူ့လွှတ်တော်ကို သဝဏ်လွှာ ဒီနေ့ပို့တယ်။ နောက်ရက်တွေမှာ ကျင်းပမယ့် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေကိုလည်း သဝဏ်လွှာပေးပို့ဖို့ အစီအစဉ်ရှိပါတယ်။'' ဟု ကိုဉာဏ်ကဆိုသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင် သုတေသနနှင့် ပညာရေးအဖွဲ့သည် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြင့်ဖွဲ့စည်းထားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ဖြစ်စဉ်ရပ်များကို စောင့်ကြည့်လေ့လာခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို ပြုစု ထုတ်ပြန်နေသည့်အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags