ပါကစ္စတန် ပက်ရှာဝါ နှင့် ခိုင်ဘာ ခရိုင်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေ

ပါကစ္စတန် ပက်ရှာဝါ နှင့် ခိုင်ဘာ ခရိုင်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာမျိုးနွယ်စု ခရိုင်နှင့် ပက်ရှာဝါတို့၏ ဧရိယာအချို့တွင် ပြင်းထန်ကြမ်းတမ်းသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်နေသည်ဟု သိရသည်။

ထိုကဲ့သို့ တိုက်ခိုက်မှု ဖြစ်စဉ်တစ်ခုတွင် ပက်ရှာဝါ၏ စက္ကတရီ ပူးလ် ဧရိယာနှင့် အဂျက်ဘ် တာလက်ဘ် ခိုင်ဘာ ဧရိယာတို့တွင် တည်ရှိသော ရဲကင်းစခန်းနှစ်ခု အကြမ်းဖက်သမားများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရဲအုပ်တစ်ဦး ၊ ဒုရဲအုပ်တစ်ဦးနှင့် အရပ်သား ငါးဦးတို့ သေဆုံးခဲ့ကြောင်း The News International က ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် ဒုရဲအုပ်တစ်ဦး ဖြစ်သည့် ရာဟင်းမ် ရှားသည် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်။ ၎င်း၏ ဈာပန အခမ်းအနားသို့ မြို့တော် ရဲတပ်ဖွဲ့မှ ရဲအရာရှိ မိုဟာမက် အီဂျက်ဇ် ခန်း နှင့် အခြား ရဲဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရှာဟက် ခဲလ်၊ ဘာဇစ် ခဲလ် ၊ ရှိတ် မိုဟာမက်ဒီ မြို့များနှင့် အခြားနေရာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှာဖွေမှု စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို စစ်ဆင်ရေးတွင် သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း The News International က ဖော်ပြသည်။

အလားတူ ဘာဒါဘာ၊ ဆာဘန်းနှင့် မာတာနီ အရပ်ဒေသများရှိ မြို့များတွင်လည်း ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပေါ်ထားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly