ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် တင်မြောက်ခံရသည့် ဒေါ်ခင်ဌေးကြွယ် စိတ်လှုပ်ရှားစွာနဲ့ ဂုဏ်ယူခဲ့ရဟု ဖွင့်ဟ

ပြည်သူ့လွှတ်တော် သဘာပတိအဖြစ် တင်မြောက်ခံရသည့် ဒေါ်ခင်ဌေးကြွယ် စိတ်လှုပ်ရှားစွာနဲ့ ဂုဏ်ယူခဲ့ရဟု ဖွင့်ဟ

နေပြည်တော်၊ ဖေဖဝါရီ ၁ ။ ။ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထဆုံးနေ့တွင် လွှတ်တော်အစည်းအဝေးကို ကြီးကြပ်ကျင်းပရန်အတွက် သဘာပတိအဖြစ် တင်မြောက်ခံရသည့်အတွက် စိတ်လှုပ်ခဲ့ရပြီး ဂုဏ်ယူခဲ့ရ ချောင်းစုံမဲဆန္ဒနယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က ပြောသည်။ 

“ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခုမှာ သဘာပတိအဖြစ် မလုပ်ဖူးဘူးပေါ့။ မလုပ်ဖူးတဲ့အခါကြတော့  စိတ်လည်းစိတ်လှုပ်ရှားတယ်။ ဝမ်းလည်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူတယ်။ ကိုယ့် မွေးတဲ့မိဘတွေအတွက်လည်း ဂုဏ်ယူတယ်" ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းသည်။    

NLD ပါတီမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က နောက်ပိုင်းတွင် ၎င်း၏ အခန်းကဏ္ဍအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်များဖြစ်သည့် မေးခွန်းများ၊ အဆိုများကို ဆွေးနွေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅ နှင့် ၂၀၁၃ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆တို့ အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ပြီးသည်အထိ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံ မှန်အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရန် သဘာပတိအဖြစ် ဒေါ်ခင်ဌေးကြွယ်က တာဝန်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly