ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ပါကစ္စတန်တွင် ဂျုံ အကျပ်အတည်းနှင့် ရင်ဆိုင်ရ

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ပါကစ္စတန်တွင် ဂျုံ အကျပ်အတည်းနှင့် ရင်ဆိုင်ရ

ရုရှား-ယူကရိန်း စစ်ပွဲက ပါကစ္စတန်နိုင်ငံအပေါ် သက်ရောက်မှု ဖြစ်စေခဲ့ပြီး ဆိုးရွားသော ဂျုံ လိုအပ်ချက် ပြဿနာတစ်ရပ် ပေါ်ထွက်လာခဲ့သည်။

ဂျုံ တင်သွင်းမှု အများစုသည် ပင်လယ်နက်ဒေသမှ လာခြင်း ဖြစ်ပြီး အဆိုပါ ဒေသသည် ကမ္ဘာ့ ဂျုံ အများဆုံးထုတ်လုပ်ရာ ဧရိယာ ၄ခုတွင် ပါဝင်သည်။

ပင်လယ်နက်ဒေသသည် ဂျုံ မက်ထရစ်တန် သန်း ၆၀ ခန့် တင်ပို့နေသည့် ဒေသ ဖြစ်သည်။ ယခု ရုရှားနှင့် ယူကရိန်းအကြား စစ်ပွဲကြောင့် ဂျုံတင်ပို့မှုများသည် မက်ထရစ်တန်ချိန် ၇ သန်းခန့် လျော့ကျသွားနိုင်သည်ဟု အမေရိကန်က တွက်ဆထားသည်။

ယူကရိန်း၏ ဂျုံတင်ပို့မှုများက မက်ထရစ်တန်ချိန် ၂၄ သန်းကနေ သန်း ၂၀ အထိ ကျဆင်းနိုင်သလို ရုရှား၏ တင်ပို့မှုများသည်လည်း မက်ထရစ်တန်ချိန် ၃၅ သန်းကနေ ၃၂ သန်းအထိ ကျဆင်းနိုင်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ရုရှား-ယူကရိန်း စစ်ပွဲ ဆက်ဖြစ်နေမည်ဆိုပါက ခန့်မှန်း ကိန်းဂဏန်းများသည် ကွဲပြားကောင်း ကွဲပြားသွားနိုင်သည်။

ပါကစ္စတန်သည် ဂျုံ တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းကို ပင်လယ်နက်ဒေသမှ တင်သွင်းသည်။ ယင်းအတွက်ကြောင့် စစ်ပွဲကာလအတွင်း အဆိုပါဒေသမှ သွင်းကုန်များ တင်သွင်းရန် စီစဉ်ခြင်းက နောက်ထပ် ကသီလင်တ ဖြစ်မှုကို ဖြစ်ပေါ်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly