အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဟိမဝန္တာဒေသ ကက်ရှ်မီးယားသို့ ဧပြီ ၂၅ ရက်က သွားရောက်ခဲ့သည်။ အဆိုပါဒေသအား ၂၀၁၉ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်မှ ရုပ်သိမ်းကာ ဗဟိုအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ ထည့်သွင်းခဲ့သည်။
တူးမြောင်တစ်ခုနှင့် ရေအားလျှပ်စစ် စီမံကိန်း ၂ ခုတို့ကို ဝန်ကြီးချုပ်က အဝေးထိန်းစနစ်ဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး မိန့်ခွန်းတွင် အစိုးရက ဖွံ့ဖြိုးရေးဆိုင်ရာ အောင်မြင်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသသည် ၂၀၁၉ ခုနှစ်မှစ၍ မကြုံစဖူး ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ဒေသခံပြည်သူများအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ ဒေသ၏ ရွေးကောက်ခံအစိုးရမရှိသည်မှာ ၄ နှစ်ကြာမြင့်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီဒေသက လူငယ်တွေအနေနဲ့ သူတို့ မိဘဘိုးဘွားတွေ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ မကြုံတွေ့စေရဘူးဆိုတာ ကျွန်တော်အာမခံပါတယ်” ဟု အိန္ဒိယဆန့်ကျင်ရေးစိတ်ဓာတ် အဓိက ဖြစ်ပေါ်နေသည့် ကက်ရှ်မီးယား တောင်ကြားဒေသကို ရည်ညွှန်းကာ မိုဒီက ပြောကြားသည်။
ဧပြီ ၂၅ ရက်က မိုဒီ အုတ်မြစ်ချပေးလိုက်သည့် ဓာတ်အားပေး စီမံကိန်းများအနက်တစ်ခုသည် ၂၀၁၃ ခုနှစ်က ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ပထမဆုံးစတင်ခဲ့ခြင်း ဖြစ်သည်။
သောင်းနှင့်ချီသော ပြည်သူများ၊ ဒေသကောင်စီများအတွက် ရွေးကောက်ခံအရာရှိများက ဂျမူးမြို့တော်အနီး ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားရာသို့ လာရောက်ခဲ့ကာ လုံခြုံရေးများကို တိုးမြှင့်ချထားခဲ့သည်။
မိုဒီ သွားရောက်ခဲ့သည့် နေရာမှ ပြည်သူများက လွန်ခဲ့သည့် ၃နှစ်အတွင်း ကက်ရှ်မီးယား၏ အဆင့်အတန်းအား အစိုးရက ပြောင်းလဲခဲ့ခြင်းများကို ကြိုဆိုခဲ့ကြသည်။
ကက်ရှ်မီးယားဒေသအဆင့်အတန်းကို ပြောင်းလဲပြီး မိုဒီ၏ ယခင် ခရီးစဉ်များအတွင်း ဟိန္ဒူပွဲတော်ကို စစ်သားများနှင့် အောင်ပွဲခံခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့အကြား ကက်ရှ်မီးယားဒေသကို ပိုင်းခြားခဲ့သည်။