အိန္ဒိယရေတပ်က လက်နက်တပ်ဆင်မှု အောင်မြင်စွာ ပြီးစီး၍ အနောက်ဘက်ပင်လယ်ပြင်တွင် ဒုံးကျည်စမ်းသပ် ပစ်ခတ်

အိန္ဒိယရေတပ်က လက်နက်တပ်ဆင်မှု အောင်မြင်စွာ ပြီးစီး၍ အနောက်ဘက်ပင်လယ်ပြင်တွင် ဒုံးကျည်စမ်းသပ် ပစ်ခတ်

အိန္ဒိယရေတပ်က လက်နက်တပ်ဆင်မှုများ ပြီးစီး၍ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို အနောက်ဘက်ပင်လယ် ပြင်တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပစ်မှတ်မျိုးစုံအား စမ်းသပ်ပစ်ခတ်လေ့ကျင့်မှုတွင် စစ်သင်္ဘော ၁၅ စင်းနှင့် ရေငုပ်သင်္ဘောများ၊ ပင်လယ်ပြင် ကင်းလှည့်လေယာဉ်အများအပြား၊ ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ၊ အဝေးထိန်းလေယာဉ်များ (RPA) တို့ ပါဝင်ခဲ့ကြောင်း ရေတပ်က ထုတ်ပြန်ကြေညာခဲ့သည်။

ပင်လယ်ပြင်တွင် သင်္ဘောများ၏ မဟာဗျူဟာကို အနောက်ဘက်ရေတပ်အုပ်စုက ထိန်းချုပ်ခဲ့သည်။ ဒုံးကျည်များကို ရှေ့တန်းစခန်း များတွင် တပ်ဆင်ထားသည့် စနစ်များဖြင့် ဧပြီလလယ်က စမ်းသပ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုများတွင် Veer၊ Talwar နှင့် Brahmaputra အဆင့် စစ်ရေယာဉ်များပါဝင်ခဲ့သည်။ 

တာဝေးပစ်ခတ်ရာတွင် Brahmaputra စစ်သင်္ဘောက အသုံးမပြုတော့သည့် စစ်သင်္ဘောဟောင်းတစ်စင်းအား တိကျစွာ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်။ ရေအောက်မှ ပစ်လွှတ်သည့် ဒုံးကျည်ကလည်း အဝေးဆုံးအကွာအဝေးရှိ ပစ်မှတ်ကို ထိမှန်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly