သင်္ဘောသား ၇ ဦးကို ယီမင်နိုင်ငံမှ လွတ်မြောက်‌အောင် ဆောင်ရွက်ပေးသည့်အတွက် အိန္ဒိယက အိုမန်ကို ကျေးဇူးတင်ကြောင်းပြောကြား

By The Indian Express
02 May 2022
သင်္ဘောသား ၇ ဦးကို ယီမင်နိုင်ငံမှ လွတ်မြောက်‌အောင် ဆောင်ရွက်ပေးသည့်အတွက် အိန္ဒိယက အိုမန်ကို ကျေးဇူးတင်ကြောင်းပြောကြား

‌ယီမင်နိုင်ငံတွင် ဇန်နဝါရီ ၂ ရက်မှ စတင်၍ ဟူသီလူမျိုးစုတို့၏ ဖမ်းဆီးမှုခံထားရသည့် အိန္ဒိယ သင်္ဘောသား ၇ ဦးကို လွတ်မြောက်အောင် ဆောင်ရွက်ပေးသည့် အိုမန်အစိုးရနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများအား ကျေးဇူးတင်ကြောင်း အိန္ဒိယအစိုးရက ဧပြီ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

ဟူတီတို့ ထိန်းချုပ်ထားသည့် ယီမင်မြို့တော် ဆာနာမှ ဧပြီ ၂၄ ရက်တွင် လွတ်မြောက်လာခဲ့သည့် နိုင်ငံခြားသား ၁၄ ဦးတွင် အိန္ဒိယနိုင်ငံသားများ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အိန္ဒိယနိုင်ငံသားတို့သည် ဧပြီ ၂၄ ရက်က မူစကတ်မြို့သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

အိန္ဒိယ သင်္ဘောသားများ အန္တရာယ်ကင်းစွာ လွတ်မြောက်ရေးအတွက် လွန်ခဲ့သောလများအတွင်း အစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ဒီကိစ္စကို အိန္ဒိယကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။ အိန္ဒိယအစိုးရက သက်ဆိုင်သည့်အဖွဲ့အစည်းအားလုံး အထူးသဖြင့် အိုမင်အစိုးရကို ကျေးဇူးတင်ပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly