ဂျပန်တွင် ကြီးမားသန်မာ၍ ဆွဲဆောင်မှုရှိသော ဂေါ်ရီလာမျောက်ဝံကြီးကို ကြည့်ရှုရန် တိရစ္ဆျာန်ရုံတွင် အမျုုိးသမီးများ ကြိတ်ကြိတ်တိုး

ဂျပန်တွင် ကြီးမားသန်မာ၍ ဆွဲဆောင်မှုရှိသော ဂေါ်ရီလာမျောက်ဝံကြီးကို ကြည့်ရှုရန် တိရစ္ဆျာန်ရုံတွင် အမျုုိးသမီးများ ကြိတ်ကြိတ်တိုး

တိုကျို၊ ဇွန် ၂၆ ။       ။ ကြွက်သားများဖြင့် ကြည့်ကောင်းသည့် မျောက်ဝံကြီးတစ်ကောင် ဂျပန်တိရစ္ဆျာန် ရုံတစ်ခုတွင် ရောက်ရှိနေ သည်ဆိုသည့် သတင်းဂယက်ကြောင့် အဆိုပါမျောက်ဝံကြီး မည်ကဲ့သို့ကြီးမားသန်မာ၍ ဆွဲဆောင်မှုရှိသည်ကို သိရှိရန် အမျိုးသမီး များ ယင်းတိရစ္ဆျာန်ရုံသို့ ကြိတ်ကြိတ်တိုးရောက်ရှိနေသည်ဟု သိရသည်။

အသက် ၁၈ နှစ်ရှိနေပြီဖြစ်သော အရွယ်ရောက်တောင်ပေါ်နေဂေါ်ရီလာဖြစ်သည့် အဆိုပါဂေါ်ရီလာ၏ အမည်ကို ရှာဘာနီ ဟု ပေးထားသည်။

အလေးချိန် ကီလိုဂရမ် ၁၈၀ ခန့်ရှိ ရှာဘာနီသည် နာဂိုယာရှိ ဟီဂါရှီယာမာတိရစ္ဆျန်ရုံနှင့် ရုက္ခဗေဒဥယျာဉ်တွင် စတားတစ်ဦးကဲ့သို့ အာရုံစိုက်ခြင်းခံနေရသည်။ ရှာနီဘာက Zoolander ဟာသရုပ်ရှင်ကားထဲမှ ရုပ်ရှင်မော်ဒယ်ကဲ့သို့ အမူအယာမျိုးလည်း လုပ်တတ် သည်ဆိုသည်။

"သူက သူ့လက်ပေါ် မေးတင်ပြီး ခင်ဗျားကို စိုက်ကြည့်တတ်တယ်"ဟု တိရစ္ဆန်ရုံပြောခွင့်ရအမျိုးသား တာကာယူကီအီရှိကာဝါ က အေအက်ဖ်ပီသို့ ဇွန် ၂၆ ကပြောကြားခဲ့သည်။

"သူက အခြားဂေါ်ရီလာမျောက်ဝံတွေထက်တော့ တမူထူးပါတယ်။ သူ့ရဲ့ကာယပိုင်းကတော့ အထွဋ်အထိတ်ကိုရောက်နေပါပြီ။  ဒီကိုလာကြတဲ့သူတွေထဲမှာ အမျိုးသမီးတွေကများတယ်ခင်ဗျ။ အမျိုးသမီးတွေကတော့ သူဟာသိပ်ကိုကြည့်ကောင်းတယ်လို့ ဆိုပါတယ်" ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။

၂၀၀၇ခုနှစ်ကတည်းက ယင်းတိရစ္ဆျာန်ရုံသို့ ရောက်နေခဲ့သော ရှာဘာနီသည် ယခုနှစ်အစောပိုင်းက တိရစ္ဆျာန်ရုံ၏ နွေဦးပွဲတော် အတွက် လှုပ်ဆော်မှုမော်ဒယ်အဖြစ်အရွေးခံရပြီးနောက် ထင်ပေါ်ကျော်ကြားလားခဲ့သည်။ ထို့အပြင် ၎င်း၏ ဖခင်ပီသသော ကျွမ်းကျင်မှုများကိုလည်း အမျိုးသမီးများက သဘောကျနေသည်။" သူကဖခင်တစ်ဦးပါ။ သူဟာ သူ့ရဲ့ကလေးတွေကို အမြဲတမ်း ကာကွယ်စောင့်ရှောက်ပါတယ်"ဟု အီရှိကာဝါကပြောသည်။ ၎င်း၏ ကြင်နာတတ်မှုကလည်း ဆွဲဆောင်နိုင်သည်ဟု တိရစ္ဆျာန်ရုံ သွားခဲ့သူများက ယူဆလျက်ရှိသည်။

အမျိုးသမီးများက ရှာဘာနီသည် ဆွဲဆောင်မှုရှိပြီး အမျိုးသားမော်ဒယ်တစ်ဦးနှင့် တူသည်ဟုလည်း လူမှုကွန်ယက်တွင် ရေးသား ကြသည်။

"သူကခင်ဗျားကို စိုက်ကြည့်လိမ့်မယ်။ တကယ်လို့ ခင်ဗျားက သူ့ကိုဓါတ်ပုံရိုက်ရင် သူက ခင်ဗျားအတွက် မော်ဒယ်တစ်ယောက်လို အမူအယာပေးလိမ့်မယ်"ဟုမစ္စတာ အီရှိကာဝါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly