ကရာချိတက္ကသိုလ်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုအပြီး တရုတ်နိုင်ငံသားများ ပါကစ္စတန်မှ စတင်ထွက်ခွါ

ကရာချိတက္ကသိုလ်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုအပြီး တရုတ်နိုင်ငံသားများ ပါကစ္စတန်မှ စတင်ထွက်ခွါ

ကရာချိတက္ကသိုလ်တွင် ဘလူချီစတန် လွတ်မြောက်ရေးတပ်ဖွဲ့ (BLA) ၏ ဧပြီ ၂၆ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၁ ဦး သေဆုံးပြီးနောက်ပိုင်း တရုတ်နိုင်ငံသားအများအပြား ပါကစ္စတန်မှ ထွက်ခွာနေကြပြီဖြစ်သည်။

PPE ဝတ်စုံဝတ်ဆင်ထားသော တရုတ်နိုင်ငံသားအများအပြား ကာရာချိလေဆိပ်မှ ထွက်ခွါနေသော ဗီဒီယိုဖိုင်တစ်ဖိုင်မှာ လူမှုမီဒီယာတွင် ပျံ့နှံ့နေသည်။

“အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရ အာဏာရလာတာနဲ့တစ်ပြိုင်နက် တရုတ်တွေအတွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့တယ်။ တရုတ်နိုင်ငံသား ၂၀၀၀ ကျော် ပါကစ္စတန်ကနေ ထွက်ခွါနေကြပြီဆိုတာ သတင်းတွေမှာ တွေ့ရတယ်။ ရန်သူတွေရဲ့ မစ်ရှင်အောင်မြင်နေပုံပဲ” ဟု အာဆက်မာလစ်ဆိုသူ ပါကစ္စတန်နိုင်ငံသားတစ်ဦးက တွစ်တာ၌ ဗီဒီယိုတစ်ခုကို ဝေမျှခဲ့သည်။

ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (OBOR) စီမံကိန်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါကစ္စတန်နိုင်ငံ ဆင်း နှင့် ဘလိုချီစတန်ပြည်နယ်များတွင် တရုတ်အင်ဂျင်နီယာများနှင့် အခြားအလုပ်သမားအများအပြား အလုပ်လုပ်ကိုင်လျက်ရှိသည်။ တရုတ်ဆရာအများအပြားသည် တက္ကသိုလ်များနှင့် အဖွဲ့အစည်းအမျိုးမျိုးရှိ ပါကစ္စတန်လူမျိုးတို့အား မန်ဒရင်းဘာသာကိုပင် သင်ကြားပေးနေသည်။

တရုတ်၏လုပ်ရပ်များက ဌာနေတိုင်းရင်းသား ဘလို့ချ်နှင့် ဆင်းဒီနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဒေါသထွက်စေပြီး ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုဟူသမျှကို ဆန့်ကျင်သည်အထိဖြစ်လာစေသည်။

တရုတ်ဆရာ ၃ ဦးကို သေဆုံးခဲ့သော မကြာသေးမီက အသေခံဗုံးခွဲတိုက်ခိုက်မှုသည် ကရာချိတက္ကသိုလ် ကွန်ဖြူးရှပ်စ်ကျောင်းပြင်ပတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ BLA က သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

Karachi အသေခံဗုံးခွဲမှုသည် ဒေါ်လာ ၅၄ ဘီလီယံတန်ဖိုးရှိ တရုတ် - ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ကို ဆန့်ကျင်သော ဘလို့ချ်၏ ပြင်းထန်သောတွန်းလှန်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘာလိုချီစတန် လွတ်မြောက်မှုအတွက် ပိုမိုကြီးမားနက်နဲသော တိုက်ပွဲကို မီးမောင်းထိုးပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly