အိန္ဒိယနှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေး

အိန္ဒိယနှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေး

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာနှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇာဘီနီရာအူးတို့သည် မွမ်ဘိုင်း၌ ကျင်းပသည့် Raisina Dialogue 2022 ၏ သီးခြားအစည်းအဝေးတွင် ဧပြီ ၂၅ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရန် သဘောတူညီချက်များ ရယူခဲ့ကြသည်။

စစ်ပွဲ ဖြစ်ပွားနေသည့် ယူကရိန်းမှ အိန္ဒိယနိုင်ငံသားများကို ‘ဂင်္ဂါ စစ်ဆင်ရေး’ ဖြင့် ကယ်ထုတ်ရာတွင် ကူညီဆောင်ရွက်ပေးခဲ့ခြင်းအပေါ် ပိုလန် နိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးတင်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက သူ၏ တွစ်တာတွင် ရေးသားထားသည်။

‌“မိတ်ဘက်ဆက်ဆံရေး တိုးတက်လာမှုဟာ သိသာမြင်သာလာပါတယ်။ တိုက်ရိုက် လေကြောင်းပျံသန်းမှု ပြန်လည်စတင်လိုက်ခြင်းဟာ နယ်ပယ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်မှု တိုးတက် ကောင်းမွန်လာမှာဖြစ်ပါတယ်” ဟု ဂျိုင်ရှန်ကာက ရေးသားထားသည်။

ဇာဘီနီရာအူးသည် ၉ နှစ်အတွင်း အိန္ဒိယသို့ ပထမဆုံးရောက်ရှိခဲ့သည့် ပိုလန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်သည်။

ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OSCE) တွင် ပိုလန်နိုင်ငံက ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး၏ ယခုခရီးစဉ်ကို လာရောက်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနှင့် ပိုလန်တို့အကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆို်ငရာ နည်းပညာများတွင် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ရန် B2B ဆွေးနွေးပွဲကို ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် အိန္ဒိယအစိုးရ ကိုယ်စားလှယ်များအကြား ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ပိုလန်နိုင်ငံခြားရေးဝန်ကြီးသည် အိန္ဒိယ သံတမန်ရေးရာ သင်တန်းကျောင်းတွင် ပိုလန်နိုင်ငံ၏ မျက်မှောက် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးလုပ်ငန်းများကို ဆွေးနွေးဟောပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly