ကိုဗစ်ကြောင့် ထိုင်ဝမ် Foxconn သည် တရုတ်ရှိ စက်ရုံ ၂ ရုံ၏ လုပ်ငန်းများ ရပ်ဆိုင်း

ကိုဗစ်ကြောင့် ထိုင်ဝမ် Foxconn သည် တရုတ်ရှိ စက်ရုံ ၂ ရုံ၏ လုပ်ငန်းများ ရပ်ဆိုင်း

Apple ၏အီလက်ထရွန်နစ်အစိတ်အပိုင်းများကို အဓိက တင်သွင်းပေးနေသည့် ထိုင်ဝမ်အီလက်ထရွန်နစ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း Foxconn သည် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် အရှေ့ဘက် ခန်ရှန်မြို့ရှိ စက်ရုံ ၂ ရုံ၏ လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းလိုက်ကြောင်း ဟောင်ကောင်သတင်းစာ South China Morning Post က ဧပြီ ၂၅ရက်တွင် ဖော်ပြခဲ့သည်။

iPhone စမတ်ဖုန်းများ တပ်ဆင်ပေးသည့် ထိုင်ဝမ်ကုမ္ပဏီ Pegatron သည် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ခန်ရှန်မြို့များရှိ စက်ရုံများကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၀ရက်မှစပြီး စက်ရုံ ၂ ရုံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ်များ တွေ့ရှိခြင်းကြောင့် စက်ရုံ ၂ ရုံ၏ လည်ပတ်မှုကို ရပ်ဆိုင်းထားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

စက်ရုံများပိတ်လိုက်ခြင်းသည် တရုတ်ရှိ Apple ၏ ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်များကို ရှုပ်ထွေးစေမည့် အခြေ အနေသို့ ရောက်သွားစေမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာက ဖော်ပြခဲ့ပြီး နိုင်ငံတွင်းရှိ အခြားသော Apple ပစ္စည်းပေးသွင်းသူ အများအပြားသည်လည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ထုတ်လုပ်မှုကို ရပ်ဆိုင်း လိုက် ကြောင်း ဖော်ပြခဲ့သည်။

တရုတ်တွင် ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုသည် မတ်လအစောပိုင်းတွင် စတင်ခဲ့ပြီး ထိုအချိန်မှစ၍ ဖြစ်ပွားမှုနှုန်းသည် လျင်မြန်စွာ ကြီးထွားလာကာ ပြီးခဲ့သည့် ၃ရက်အတွင်း နေ့စဉ်ကူးစက်ခံရသူ ၂၀၀၀၀ ကျော်ရှိသည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း တရုတ်တွင် တစ်ရက်လျှင် ပျမ်းမျှ ရောဂါဖြစ်ပွားသူ ၃၀ မှ ၄၀ဦး အထိ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly