ပါကစ္စတန်အစိုးရသစ်က အိန္ဒိယနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် တွန်းအားပေးနိုင်ဟု ဆို

By The Print
29 April 2022
ပါကစ္စတန်အစိုးရသစ်က အိန္ဒိယနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် တွန်းအားပေးနိုင်ဟု ဆို

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဖြုတ်ချခံရပြီး ဝန်ကြီးချုပ်သစ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာမှုက ပါကစ္စတန်-အိန္ဒိယ အိမ်နီးချင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်စေရန် တွန်းအားတစ်ခုကို ပေးနိုင်ကြောင်း Asian Lite သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်သည် ၎င်း၏ အရင်လူ အီမရန် ခန်း လိုမျိုး နိုင်ငံရေးတရား အဟောကောင်းသူ သို့မဟုတ် စိတ်ကြီးဝင်နေသူမျိုး မဟုတ်ကြောင်း ထို သတင်းတွင် ဖော်ပြသည်။

ထို့ပြင် ရှာရစ်သည် အိန္ဒိယနှင့် ဆက်ဆံရေး တိုးတက်စေခြင်း၏ အရေးပါမှုကို နားလည်သဘောပေါက်သည့် အတွေ့အကြုံရှိ နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း ယင်းက ဖော်ပြသည်။

လက်ရှိအချိန်တွင် ရှာရစ်အနေဖြင့် အိန္ဒိယနှင့် ပတ်သက်ပြီး လုပ်ဆောင်သည့် အစီအစဉ် သို့မဟုတ် ကမ်းလင့် ထောက်ကူမှု တိုင်းတွင် ပါကစ္စတန်စစ်တပ်၏ ထောက်ခံမှုကို ရရှိရလိမ့်မည် ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြသည်။

ပါကစ္စတန် စစ်တပ်အနေဖြင့်လည်း အဆုံးမရှိသော ရန်လိုမှု အခြေအနေက နိုင်ငံကို အောက်သို့ ဆွဲချပြီး ဖြစ်တည်မှု ပြဿနာများကို ဖန်တီးနေသည် ဆိုသည်ကို နားလည် သဘောပေါက်ထားခဲ့ပုံ ရကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly