လွှတ်တော်အတွင်း စက်ခလုပ်နှိပ်မဲခွဲရာတွင် အမှားအယွင်းမဖြစ်စေရန် NLD ဗဟိုကော်မတီသတိပေး

လွှတ်တော်အတွင်း စက်ခလုပ်နှိပ်မဲခွဲရာတွင် အမှားအယွင်းမဖြစ်စေရန် NLD ဗဟိုကော်မတီသတိပေး

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များသည် ဇန်နဝါရီလ (၃၁) ရက်က တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အဖွဲ့ချုပ်ကိုယ်စားလှယ်များကို အသုတ်လိုက်ခွဲ၍ တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီး လွှတ်တော်တွင်း မဲပေးရာတွင် အမှားအယွင်း မဖြစ်စေရန် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

လွှတ်တော်အတွင်း စက်ခလုပ်နှိပ်၍ မဲခွဲဆုံးဖြတ်ခြင်းသည် အပြောင်းအလဲအတွက်အရေးကြီးကြောင်း နှင့် ထောက်ခံမဲပေးရမည့် နေရာတွင် ကန့်ကွက်မဲပေးမိခြင်းမျိုးမဖြစ်စေရန် ဗဟိုကော်မတီဝင်များက တွေ့ဆုံ၍ သတိပေးပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် အရင်အချိန်က အတိုက်အခံများဖြစ်နေလာခဲ့သည့်  NLD ၏ ကိုယ်စားလှယ်များသည် လက်ရှိ အချိန်တွင် ပြည်သူအများစုတာဝန်ကို ကိုယ်တိုင်ထမ်းဆောင်ကြရတော့မည်ဖြစ်ကြောင်းနှင့် ယင်းတာဝန်ကို ရဲဝင့်စွာထမ်းဆောင်ကြရန်လည်း တိုက်တွန်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကပြောသည်။

အဆိုပါ တွေ့ဆုံမှုကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဧည့်ရိပ်သာ ထမင်းစားဆောင်တွင် တွေ့ဆုံခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆော်သြရေးတာဝန်ခံတစ်ဦး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆော်သြရေးတာဝန်ခံတစ်ဦးတို့ကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly