ရှင်ကျန်းလူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ဆက်စပ်သော Hikvision ကုမ္ပဏီအပေါ် ဗြိတိန်အစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းရန် CCTV စီမံကွပ်ကဲရေးအဖွဲ့ တောင်းဆို

By ANI
29 April 2022
ရှင်ကျန်းလူ့အခွင့်ရေးချိုးဖောက်မှုများနှင့်ဆက်စပ်သော Hikvision ကုမ္ပဏီအပေါ် ဗြိတိန်အစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းရန် CCTV စီမံကွပ်ကဲရေးအဖွဲ့ တောင်းဆို

ဗြိတိန်အစိုးရ၏ CCTV ကင်မရာများအသုံးပြုမှုကို ကြီးကြပ်သည့် စောင့်ကြည့်ရေးအဖွဲ့က တရုတ်နိုင်ငံ ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပက်သက်ငြိစွန်းနိုင်ဖွယ်ရှိသော နည်းပညာကုမ္ပဏီ Hikvision မှ စောင့်ကြည့်ရေးကင်မရာများ ဝယ်ယူမှုအတွက် ရပ်တည်ချက်ကို ရှင်းလင်းရန် ဗြိတိန်အစိုးရအား တောင်းဆိုလိုက်သည်။

Hikvision ကင်မရာများနှင့် မျက်နှာမှတ်သားခြင်း နည်းပညာသည် တရုတ် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါလူမျိုးများနှင့် အခြားလူနည်းစုများအပေါ် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ငြိစွန်းနေသည်။

Biometrics and Surveillance Camera အဖွဲ့ အကြီးအကဲ ဖရေဆာဆမ်ဆင်က တရုတ်အစိုးရ တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော Hikvision နှင့်ပတ်သက်သည့် ရပ်တည်ချက်အပေါ် ရှင်းလင်းရန် ဗဟိုနှင့် ဒေသအစိုးရဝန်ကြီးများအား တောင်းဆိုထားသည်။

ဝီဂါမွတ်စလင်နှင့်တခြားတိုင်းရင်းသား လူနည်းစု ၁ သန်းကျော်ကို တရားလက်လွန်ထိန်းသိမ်းခြင်းအပါအဝင် ရှင်ကျန်းတွင် ကျယ်ကျယ်ပြန့်ပြန့်နှင့်စနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်းကို ဗြိတိန်အစိုးရက တရားဝင် အသိအမှတ်ပြုထားပြီဖြစ်သည်။

တရုတ်နိုင်ငံက ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ Hikvision နဲ့ပတ်သက်မှုအကြောင်း မဖြေကြားသေးတဲ့ မေးခွန်းတွေရှိပါတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့လုပ်ငန်းဆောင်တာအချို့ရဲ့ ကျင့်ဝတ်သိက္ခာနဲ့

ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်တွေကို မဖြည့်ဆည်းပေးနိုင်ဘူးလို့ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

အဝေးမှလုပ်ဆောင်နိုင်သည့် အသံဖမ်းခြင်းနှင့် မျက်နှာမှတ်သားခြင်းကဲ့သို့သော လျှို့ဝှက်သော လုပ်ဆောင်ချက်များပါသော စောင့်ကြည့်ကိရိယာများအသုံးပြုခြင်း၏ လုံခြုံရေးဆိုင်ရာအရှုပ်အထွေးများ ဖြစ်နိုင်ခြေနှင့် ပတ်သက်၍လည်း ဆမ်ဆင်က စိုးရိမ်လျက်ရှိသည်။

ပါမောက္ခဆမ်ဆင်က ရှင်ကျန်းတွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းရန် Hikvision ကုမ္ပဏီအား အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း Hikvision က ၈ လကျော်ကြာသည်အထိ မေးခွန်းများကို ဖြေဆိုခြင်း မရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly