ယူကရိန်းအရေးတွင် ရုရှားကို ထောက်ခံသည့် တရုတ်ရပ်တည်ချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အထိတ်တလန့် နောက်ဆုတ်

ယူကရိန်းအရေးတွင် ရုရှားကို ထောက်ခံသည့် တရုတ်ရပ်တည်ချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အထိတ်တလန့် နောက်ဆုတ်

ယူကရိန်းအရေးတွင် ရုရှား၏စစ်ဆင်ရေးကို တရုတ်က ထောက်ခံနေသည့်အပြင် ထိုင်ဝမ်ကိုလည်း ကျူးကျော်လာနိုင်သည်ဆိုသော ထင်ကြေးများကြောင့် မကြာသေးမီလများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက တရုတ်အစိုးရ၏ငွေတိုက်စာချုပ်များကို ဖြစ်သည့်နည်းဖြင့် ထုတ်ရောင်းချနေမှုနှင့်အတူ တရုတ်နိုင်ငံမှ မမျှော်လင့်ဘဲ အလုံးအရင်းနှင့် ထွက်ခွာမှုများ လုပ်ဆောင်လာကြသည်။

ပြီးခဲ့သည့်လက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံနီးပါးရှိ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားသောကြောင့် တရုတ်သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ အယုံအကြည်မဲ့မှုကို ကြုံတွေ့နေရကြောင်း The Hong Kong Post က ဖော်ပြသည်။

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီလက အမေရိကန် ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံရှိ တရုတ်ငွေတိုက်စာချုပ်များ ရောင်းချမှုနှင့်အတူ မကြာသေးမီလများအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စံချိန်တွင်ငွေချေးစာချုပ်ဈ ေးကွက်မှ ပြန်ဆုတ်သွားကြသည်။

ကွန်မြူနစ်တရုတ်နိုင်ငံသည် ယူကရိန်းတွင် မိတ်ဆွေရုရှားအား ဝေဖန်ရန် ငြင်းဆိုသော်လည်း အနောက်နိုင်ငံမှ အရေးယူပိတ်ဆို့မှုများကို ကြောက်ရွံ့သဖြင့် ရုရှားအား ကူညီရန် မည်သည့်အရာကိုမျှ မလုပ်ပေ။

တရုတ်၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ရှန်ဟိုင်းမြို့၊ ၎င်းမြို့ဆိပ်ကမ်းများနှင့် လေဆိပ်များအပါအဝင် မြို့ကြီးများနှင့်နယ်မြို့အများအပြားကို လုံးဝပိတ်ဆို့လိုက်ရပြီး ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်ရေးမှာလည်း ရပ်ဆိုင်းခဲ့ရကာ အနာဂတ်အတွက် မရေရာမသေချာမှုများ တိုးလာခဲ့သည်ဟု The Hong Kong Post က ဖော်ပြသည်။

ထိုအခြေအနေများအကြားတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ရင်းနှီးမြှုပ်နှံမှုများဘဏ်များသည် ယခုနှစ်တွင် တရုတ်နိုင်ငံအတွက် ၎င်းတို့၏ စီးပွားတိုးတက်မှုခန်းမှန်းချက်များကို လျှော့ချခဲပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ၎င်းတို့ ခန့်မှန်းချက်ကို ၄ ဒသမ ၈ မှ ၄ ဒသမ ၄၄ သို့ လျှော့ချခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required