တရုတ်နိုင်ငံသားများကို ထုတ်ပေးသည့် ခရီးသွားဗီဇာများကို အိန္ဒိယ ရပ်ဆိုင်း

By ANI
29 April 2022
တရုတ်နိုင်ငံသားများကို ထုတ်ပေးသည့် ခရီးသွားဗီဇာများကို အိန္ဒိယ ရပ်ဆိုင်း
Representative image

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံသားများအား ခရီးသွားဗီဇာ ထုတ်ပေးခြင်းကို ဆိုင်းငံ့လိုက်ကြောင်း နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအသင်း (IATA) က ယင်း၏ အဖွဲ့ဝင်များအတွက် ဖြန့်ဝေသည့် ကြေညာချက် တစ်စောင်တွင် ပြောကြားခဲ့သည်။

လေကြောင်းလိုင်းများ အိန္ဒိယသို့ ဝင်ရောက်မှုနှင့်ပတ်သက်၍ ဧပြီ ၂၀ရက်တွင် ထုတ်ပြန်သည့် ကြေညာချက် တွင် တရုတ်နိုင်ငံသားများအား ထုတ်ပေးသည့် ခရီးသွားဗီဇာများသည် တရားဝင်တော့မည်မဟုတ်ကြောင်း" IATA က ယင်း၏ အဖွဲ့ဝင်များကို ပြောကြားခဲ့သည်။

ဘူတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်နှင့် နီပေါနိုင်ငံသားများ၊ အိန္ဒိယမှ ထုတ်ပေးသော နေထိုင်ခွင့်ပါမစ်ဖြင့် ခရီးသည် များ၊ အိန္ဒိယမှထုတ်ပေးသော ဗီဇာ သို့မဟုတ် အီးဗီဇာဖြင့် ခရီးသည်များကို အိန္ဒိယသို့ ဝင်ရောက်ခွင့်ပြုထား ကြောင်း ကြေညာချက်က ဆိုသည်။

အိန္ဒိယနိုင်ငံရပ်ခြားနိုင်ငံသားကတ်ပြား သို့မဟုတ် အိန္ဒိယနွယ်ဖွား(PIO) ကတ်ကဲ့သို့သော စာအုပ်ငယ် ကိုင် ဆောင်ထားသူများနှင့် သံတမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသည့် ခရီးသည်များကို အိန္ဒိယသို့ ဝင်ခွင့်ပေးသွားမည်ဟု ကြေညာချက်က ဆိုသည်။

သက်တမ်း ၁၀ နှစ်ရှိသော ခရီးသွားဗီဇာများသည် တရားဝင်တော့မည်မဟုတ်ကြောင်း IATA မှ ပြောကြား ခဲ့သည်။

IATA သည် ကမ္ဘာ့လေကြောင်းသွားလာမှု၏ ၈၀ ရာခိုင်နှုန်းကျော်ရှိသည့် အဖွဲ့ဝင် ၂၉၀ခန့်ရှိသော ကမ္ဘာလုံး ဆိုင်ရာလေကြောင်းလိုင်းများအဖွဲ့ ဖြစ်သည်။

ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ကိုးကား၍ တရုတ်သို့ ပြန်လာခွင့်မပေးသော တရုတ်တွင် ပညာသင်ကြား နေသည့် အိန္ဒိယကျောင်းသားများ၏ ပြဿနာများကို တရုတ်နှင့် အိန္ဒိယက ဆွေးနွေးနေသည်။

၂၀၂၀ပြည့်နှစ်အစပိုင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်တွင် အဆိုပါကျောင်းသားများသည် တရုတ်တွင် ပညာသင်ကြားနေရာမှ အိန္ဒိယသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly