မြန်မာစစ်အစိုးရအား ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးနေသည့် တရုတ်ကို ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တော်လှန်ရေးတပ်ဖွဲ့များ တောင်းဆို

မြန်မာစစ်အစိုးရအား ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးနေသည့် တရုတ်ကို ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တော်လှန်ရေးတပ်ဖွဲ့များ တောင်းဆို

မြန်မာစစ်အစိုးရကို တရုတ်က ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးနေစဉ် ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ကြေးနီ တူးဖော်ရေးလုပ်ငန်းများကို မေ ၅ ရက် နောက်ဆုံးထား ရပ်တန့်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်းသတိပေးထားသည်။

ဆားလင်းကြီးမြို့နယ်တွင် တရုတ်ပိုင် လက်ပံတောင်းတောင်၊ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီမိုင်းတွင်းတို့ တည်ရှိပြီး ဆားလင်းကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင် တရုတ်နှင့် မြန်မာစစ်တပ်၏ ဖက်စပ် လုပ်ငန်း များကို တော်လှန်ရေးတပ်ဖွဲ့များက ဆန့်ကျင်ကန့်ကွက်နေကြသည်ဟု ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့သည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ဆက်လက်တိုက်ပွဲဝင်နေကြစဉ် တရုတ်နှင့် မြန်မာစစ်အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် ပြည်သူများက စိတ်ပျက်နေကြသည်။

တော်လှန်ရေးအဖွဲ့များက ယင်းတို့သည် အာဏာရှင်စနစ်၏ ရန်ပုံငွေရင်းမြစ်အားလုံးကို မည်သည့်နည်းဖြင့်မဆို တိုက်ခိုက်မည်ဟု ပြောဆိုခဲ့သည်။

ဇန်နဝါရီလအတွင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ တရုတ်ကျောထောက်နောက်ခံပြုတကောင်းတောင် နီကယ်ထုတ်လုပ်သည့် စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်တိုင်များကို တော်လှန်ရေးအဖွဲ့များက ဖောက်ခွဲခဲ့ရာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ရသည်။

အာဏာသိမ်းပြီးကတည်းက တရုတ်စီမံကိန်းအချို့ကို စောင့်ကြပ်နေသည့် ရဲများနှင့် စစ်သားများကို တော်လှန် ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း တရုတ်စီမံကိန်းများသည် ဘေးကင်းခဲ့သည်။

သို့သော် ဧပြီလ ၂၁ရက် စုပေါင်းကြေညာချက်သည် နိုင်ငံတွင်းရှိ တရုတ်စီမံကိန်းများအတွက် ပထမဆုံး လူသိရှင်ကြား သတိပေးချက်ဖြစ်သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် တရုတ်သတ္တူတွင်း ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ အစီရင်ခံစာတွင် တရုတ်ပိုင် လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်နှင့် တကောင်းတောင် သတ္ထုတွင်းများသည် စစ်တပ်အား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့်ရရှိစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required