သီရိလင်္ကာကို ကြွေးမြီတင်စေခဲ့သည့် တရုတ်အား အခြားမြီရှင်များကဲ့သို့ပင် ဆက်ဆံရမည်ဟု အိန္ဒိယပြော

သီရိလင်္ကာကို ကြွေးမြီတင်စေခဲ့သည့် တရုတ်အား အခြားမြီရှင်များကဲ့သို့ပင် ဆက်ဆံရမည်ဟု အိန္ဒိယပြော

သီရိလင်္ကာကြွေးမြီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ဆွေးနွေးပွဲများစတင်ရာတွင် တရုတ်ကို အခြားမြီရှင်များကဲ့သို့ ပြုမူဆက်ဆံရမည်ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီး နာမာလာစီသာရာမန် က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်သို့ ပြောကြားခဲ့သည်။ 

မြီရှင်များအားလုံးကို ညီတူညီမျှနဲ့ ပွင့်လင်းမြင်သာစွာဆက်ဆံရပါမယ်။ ဒီအချက်ကို သီရိလင်္ကာ အခြေအနေနဲ့ပတ်သက်ပြီး ယေဘုယျအနေနဲ့ သတိထားဖို့ ကြားခဲ့တာပါ” ဟု စီသာရာမန်က ဝါရှင်တန်၌ အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

သီရိလင်္ကာသည် တရုတ်ချေးငွေများကို ဇူလိုင်အမီဆပ်နိုင်ရန်နှင့် အကြွေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖြင့် ကုန်ပစ္စည်းများဝယ်ယူရန် တရုတ်အစိုးရထံမှ ဒေါ်လာ ၁ ဘီလီယံချေးယူရန်မျှော်လင့်နေသလို သွင်းကုန်များအတွက် ပေးချေရန် ဒေါ်လာပြတ်နေသော သီရိလင်္ကာသည် အိမ်နီးချင်း အိန္ဒိယ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ဆီမှလည်း အကူအညီရရန် ကြိုးပမ်းလျက်ရှိသည်။

ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းဝင်ငွေများကို ထိခိုက်ခဲ့သောကြောင့် အထူးသဖြင့် ဝင်ငွေနည်းနိုင်ငံများကိုသာပေးသော အားချင်းအကူအညီကို ဝင်ငွေအလယ်အလတ်အဆင့်သတ်မှတ်ထားသော သီရိလင်္ကာသို့ပေးရန် IMF အား အကူအညီတောင်းခံထားသည်။
 
နိုင်ငံခြားဝင်ငွေများ ကျဆင်းလာသည်နှင့်အမျှ သီရိလင်္ကာသည် ရည်မှန်းချက်ကြီးမားသော အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ငွေကြေးထည့်ရန် တရုတ်ဆီမှယူသောချေးငွေ တစ်စိတ်တစ်ပိုင်းအားဖြင့် များပြားလာသောပြည်ပကြွေးမြီများကို စီမံရန် ရုန်းကန်နေခဲ့ရသည်။ သီရိလင်္ကာသည် နိုင်ငံပိုင် လုပ်ငန်းများကို ထည့်မတွက်ပါက ၂၀၂၀ နှစ်ကုန်တွင် တရုတ်ကြွေးမြီ ၃ ဒသမ ၅ ဘီလီယံခန့်တင်ရှိကြောင်း ဗဟိုဘဏ်အချက်အလက်များအရ သိရသည်။

ယခုနှစ်တွင် သီရိလင်္ကာသည် ဒေါ်လာဖြင့်အများစုပေးရမည့် ငွေတိုက်စာချုပ်နှင့်ချေးငွေများအတွက် အတိုးနှင့်အရင်းပေါင်း ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပေးရန်ရှိပြီး ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင် နှစ်စဉ် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံထိ မြင့်တက်လာမည်ဖြစ်ကြောင်း Bloomberg က ရရှိထားသည့် အချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly