စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုကြောင့် ရှန်ဟိုင်းမြို့တွင် သက်ကြီးပိုင်းနှင့်လူငယ်များ အမျက်ဒေါသထွက်

စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုကြောင့် ရှန်ဟိုင်းမြို့တွင် သက်ကြီးပိုင်းနှင့်လူငယ်များ အမျက်ဒေါသထွက်

တရုတ်နိုင်ငံ၏ ရှန်ဟိုင်းမြို့တော်ရှိ လူကြီး လူငယ်များနှင့် သန်းပေါင်းများစွာသောပြည်သူတို့သည် တရုတ်အာဏာပိုင်များ၏ ချဲ့ကားလွန်းသည့် ကိုဗစ်-၁၉ ထိန်းချုပ်ကန့်သတ်မှုအပေါ် စိတ်ဆိုးဒေါသထွက် လျက်ရှိသည်။

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် ပြင်းထန်လွန်းသော အသွားအလာပိတ်ဆို့မှုအစီအမံများကြောင့် ရှန်ဟိုင်းမြို့ခံများသည် အရပ်သားများအပေါ် ဆိုးရွားစွာသက်ရောက်လျက်ရှိသော အလွန်အမင်းငတ်မွတ် ခေါင်းပါးမှုအောက်တွင် ချာချာလည်လျက်ရှိသည်။

သို့သော် အစိုးရသည် ကူးစက်မှုအသစ်တစ်ခုတွေ့သည့် မည့်သည့်လူနေရပ်ကွက်ကိုမဆို နောက်ထပ် ၁၄ ရက် အသွားအလာပိတ်ဆို့ကြောင်း ကြေညာသည်။

ထို့ပြင် စားနပ်ရိက္ခာပြတ်လပ်မှုသည် စီမံမှုနှင့်ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းကြောင့် ဖြစ်သော လူလုပ် သဘာဝဘေးအန္တရာယ်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အွန်လိုင်း၌ဈေးရောင်းသူများကလည်း အသွားအလာပိတ်ဆို့မှုကို အခွင့်ကောင်းယူလျက် ဈေးကွက်တွင် တွေ့ရသော တန်ဖိုးထက် ၄ ဆနီးပါး အမြတ်တင်ရောင်းကြသည်။

ကန့်သတ်ကာလအတွင်း ပရမ်းပတာအခြေအနေများအကြောင်းလည်း ပေါ်ထွက်လာခဲ့သည်။ လူများသည် ၎င်းတို့အိမ်နီးချင်းများထံ အစားအသောက်သွားပို့ရန် ခိုးထွက်နေသလို အချို့မှာ ခေါင်မိုးအပေါက်၊ ပြည့်လျှံနေသော ရေအိမ်များနှင့် ရိုက်ကရိုက်ဆောက်ထားသော အဆောင်များတွင် နေကြရသည်။ မိဘများမှာလည်း သားသမီးများကို တွေ့ခွင့်မရသလို မိသားစုဝင်များမှာ သေဆုံးသွားသော ဆွေမျိုးများအတွက် နောက်ဆုံးအနေဖြင့် ဝတ်ပြုခွင့်ကိုလည်း တားမြစ်ခံထားရသည်။

တရုတ်ဝါဒဖြန့်အုပ်စိုးသူများက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည်သာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော သေဆုံးမှုကို ကယ်တင်နိုင်ကြောင်း အလေးထားပြောဆိုကာ အိုမီခရွန်သည် အန္တရာယ်အများဆုံး ခြိမ်းခြောက်မှု တစ်ခုဖြစ်ကြောင်း ပုံဖော်လျက် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်သည်ကို မြင်တွေ့ရကြောင်း ရှန်ဟိုင်းမြို့ခံများက ပြောသည်။

ရှီကျင့်ဖျင်သည် တစ်သက်လုံး အုပ်ချုပ်သွားစေနိုင်မည့် မကြုံစဖူး တတိယသက်တမ်းအတွက် ယခုနှစ် နှောင်းပိုင်းတွင် ရွေးချယ်ခံရဖွယ်ရှိနေပြီး ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ၎င်းက အတည်ပြုထားကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly