အာဖဂန် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ကျရှုံးရခြင်း၏ အကြောင်းရင်းများကို ကနေဒါ အခြေစိုက် အကြံပေးအဖွဲ့ ထောက်ပြ သုံးသပ် 

By Zee5
27 April 2022
အာဖဂန် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ကျရှုံးရခြင်း၏ အကြောင်းရင်းများကို ကနေဒါ အခြေစိုက် အကြံပေးအဖွဲ့ ထောက်ပြ သုံးသပ် 

အာဖဂန်နစ္စတန်နိုင်ငံတွင် ယခင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ (ANSF) ကျရှုံးရခြင်းက ကဘူးလ်၌ နိုင်ငံတကာ၏ ယေဘုယျ လုပ်နည်းကိုင်နည်း အပါအဝင် ယင်းနိုင်ငံရှိ လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲ (SSR) ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်များကို ထင်ဟပ်ပြသနေကြောင်း think-tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြံပေး) အဖွဲ့က ပြောသည်။

လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုပိုင်းတွင် အကြီးအကျယ် ဆက်လက်ထိခိုက်နေခဲ့သလို အစိုးရ ဌာနအဆင့်တိုင်းတွင် အကျင့်ပျက်ခြစားမှုများကို တွေ့ရလေ့ ရှိသည့် နိုင်ငံတစ်နိုင်ငံတွင် ဥပမာအားဖြင့် “တစ္ဆေ စစ်သား” ကဲ့သို့သော ကိစ္စရပ်များက ပေါ်ထွက်လာရန် သေချာနေခဲ့သည်။

ယင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားမှုပိုင်း အားနည်းခြင်းနှင့် အကျင့်ပျက် အရာရှိများ ရှိနေခဲ့ခြင်း အပါအဝင် ANSF တပ်ဖွဲ့ မအောင်မမြင် ဖြစ်ခဲ့ခြင်းအတွက် အကြောင်းရင်းကိစ္စရပ်တစ်ချို့ ရှိနေသည်ဟု တောင်အာရှလေ့လာမှု ဆိုင်ရာ ဉရောပဖောင်ဒေးရှင်း (EFSAS) က ပြောသည်။

ထို့ပြင် ဒေါ်နယ်ထရမ့် အစိုးရလက်ထက် အမေရိကန်၏ တစ်ဖက်သတ် လုပ်ဆောင်မှုက ANSF ၏ ရေရာမှု မရှိသော မဟာဗျူဟာ အခြေအနေအပေါ် ပိုဆိုးစေခဲ့သလို အမေရိကန်နှင့် တာလီဘန်အကြား ၂၀၂၀ ခုနှစ် ဒိုဟာ သဘောတူညီချက်ကြောင့်လည်း လက်ကျန် ANSF တပ်ဖွဲ့များကို စိတ်ဓာတ်ကျဆင်းစေခဲ့ကာ နောက်ထပ် တပ်ပြေးမှုများ (၂၀၂၁ ၊ ဂျော့) ကို ဖြစ်စေရန် စေ့ဆော်ခဲ့သည်ဟု EFSAS က ပြောသည်။

ANSF ၏ မြန်မြန်ဆန်ဆန် ပြိုလဲမှုက လေ့လာစောင့်ကြည့်သူတစ်ချို့အတွက် အံ့အားသင့်စရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အမေရိကန်တပ်ဖွဲ့များ အာဖဂန်မှ ဆုတ်ခွာမှုမတိုင်မီ ANSF ၏ အခြေအနေမှန်ကို ထည့်တွက်စဉ်းစားမည်ဆိုပါက ယင်းသည် အံ့အားသင့်စရာတော့ မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly