ကိုယ်ဝန်ဆောင် ကိုလံဘီယာအမျိုးသမီး ၂၁၀၀ကျော် ဇီကာဗိုင်းရပ် ကူးစက်ခံနေရ

ကိုယ်ဝန်ဆောင် ကိုလံဘီယာအမျိုးသမီး ၂၁၀၀ကျော် ဇီကာဗိုင်းရပ် ကူးစက်ခံနေရ

ဘိုဂေါ့တာ၊ ဇန်နဝါရီ-၃၁ ။            ။ ကိုလံဘီယာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၁၀၀ကျော်မှာ ခြင်ကြောင့်ဖြစ်သည့် ဇီကာဗိုင်းရပ် ကူးစက်ခံရကြောင်း နိုင်ငံ၏ ကျန်းမာရေးအဖွဲ့အစည်းက ဇန်နဝါရီလ ၃၀ရက်နေ့က ပြောကြားခဲ့ရာ ရောဂါမှာ အမေရိကတစ်ခွင်သို့ ဆက်လက် ပျံ့နှံ့လျှက်ရှိသည်။

အဆိုပါဗိုင်းရပ်မှာ သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို တားဆီးသော မွေးရာပါ ဦးခေါင်းသေးငယ်မှုကို ဖြစ်ပွားစေပြီး ကာကွယ်ဆေးရော ကုသဆေးပါ မရှိသေးပေ။

အမျိုးသားကျန်းမာရေး အင်စတီကျု၏ ကူးစက်ရောဂါ ကြေညာချက်တွင် ပြောကြားချက်အရ ကိုလံဘီယာတွင် ရောဂါဖြစ်ပွားနေသူပေါင်း ၂၀၂၉၇ယောက်ရှိရာ ယင်းတို့အနက် ၂၁၁၆ယောက်မှာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးများ ဖြစ်သည်။ သို့ရာတွင် ယခုအချိန်အထိမူ ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်ကြောင့် ဦးခေါင်းသေးငယ်မှု (သို့မဟုတ်) သေဆုံးမှုကို မတွေ့ရသေးချေ။

ဇီကာဗိုင်းရပ် ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနက် ၃၇.၂ရာခိုင်နှုန်းမှာ အရှေ့ပိုင်း ဗင်နီဇွဲလားနှင့် နယ်စပ်တလျှောက်ရှိ နော့ ဒီ ဆန်တန်ဒါတွင် နေထိုင်ကြသည်ဟု အမျိုးသားကျန်းမာရေး အင်စတီကျုက ပြောကြားသည်။

ကူးစက်ခံရမှုပေါင်း ၁၃၅၀၀အနက် ကိုယ်ဝန်ဆောင်သည် ၅၆၀တွင် ရောဂါဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။   

အမေရိက ၂၃နိုင်ငံတွင် ဇီကာရောဂါဖြစ်ပွားမှုများကို တွေ့ရှိရပြီး သိပ္ပံပညာရှင်များမှာ ဗိုင်းရပ်အတွက် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ရောဂါနှင့်အပြိုင် ကြိုးစားနေကြသည်။

ကိုလံဘီယာတွင် ဇီကာရောဂါဖြစ်ပွားမှုများ၏ တစ်ဝက်နီးပါးကို နိုင်ငံ၏ ကာရစ်ဘီယံဒေသတွင် တွေ့ရှိရခြင်းဖြစ်ပြီး ကူးစက်ခံရသူ ၆၀ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်သည်။

လူနာများမှာ မုဒိမ်းကျင့်ခံရသူများမဟုတ်ဘဲ၊ ပြင်းထန်သည့်ရောဂါ (သို့မဟုတ်) သန္ဓေသားမှာ သေစေနိုင်လောက်အောင် ပုံပန်းပျက်ယွင်းမနေပါက တင်းကျပ်ကန့်သတ်ထားသည့် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချရန် ရှိရမည့် ကျန်းမာရေးလိုအပ်ချက်များကြောင့်လည်း ဇီကာ ကူးစက်မှုမှာ ကျဆင်းသွားခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။   

ရောဂါကူးစက်မှုကို ရှောင်ကျဉ်နိုင်ရန်အတွက် အမျိုးသမီးများအား ကိုယ်ဝန်ဆောင်မှုကို ၆လမှ ၈လအထိ ဆိုင်းငံ့ထားရန်လည်း အစိုးရက တိုက်တွန်းထားသည်ဟု ဆိုသည်။ ယခုအချိန်အထိ ဇီကာဗိုင်းရပ် ကူးစက်ခံရသူအရေအတွက်မှာ ၇၀၀၀၀နှင့် အထက်ရှိမည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။

ဘရာဇီးမှာ ဇီကာဗိုင်းရပ်ဒဏ် အခံရဆုံးနိုင်ငံဖြစ်ပြီး ဇီကာနှင့် ဆက်စပ်နေသည်ဟု ယူဆရသည့် ဦးခေါင်းသေးငယ်မှုပေါင်း ၃၇၀၀ကို တွေ့ရှိထားသည်ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကမူ အမေရိကလူဦးရေ ၄သန်းခန့်မှာ ဇီကာဗိုင်းရပ် ကူးစက်ခံနေရနိုင်သည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly