တရုတ်က အမေရိကန်နှင့် ပုံမှန်ကုန်သွယ်မှု ပြန်ထူထောင်ရန် မျှော်လင့်

တရုတ်က အမေရိကန်နှင့် ပုံမှန်ကုန်သွယ်မှု ပြန်ထူထောင်ရန် မျှော်လင့်

အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချင်းဂန်းက အမေရိကန် အနောက်အလယ်ပိုင်း အိုင်အိုဝါပြည်နယ်၌ ကျင်းပသော တရုတ်-အမေရိကန် အဆင့်မြင့် စိုက်ပျိုးရေး ဆွေးနွေးပွဲ၌ နှစ်ဦးနှစ်ဘက် အပြန်အလှန် အကျိုးရှိသော အခြေအနေကို တောင်းဆိုလျက် အမေရိကန်နှင့် ကုန်သွယ်မှုဆိုင်ရာ ပုံမှန်ဆက်ဆံရေး ပြန်ထူထောင်ရန် ပြောဆိုလိုက်သည်။

“ကပ်ရောဂါ ပြန်လည်ဖြစ်ပွားလာတာနဲ့အမျှ ပျက်စီးလွယ်တဲ့ ကမ္ဘာ့စီးပွားရေးနာလန်ထူမှု၊ မြန်ဆန်တဲ့ ရာသီဥတုပြောင်းလဲမှု၊ ဒေသတွင်း ပဋိပက္ခတွေ ကြီးထွားလာမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးတို့ဟာ တရုတ်၊ အမေရိကန်နဲ့ ကျန်ကမ္ဘာ့နိုင်ငံတွေ ရင်ဆိုင်နေရတဲ့ အဓိကလက်တွေ့ကျတဲ့ပြဿနာတစ်ရပ်ဖြစ်လာခဲ့တယ်” ဟု ချင်းဂန်းက ပြောကြားချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် ပထမအဆင့်ကုန်သွယ်မှုသဘောတူညီချက်ကိုအပြည့်အဝအကောင်အထည်ဖော်ရန် အပန်းတကြီးကြိုးပမ်းအားထုတ်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်ကို တရုတ်နိုင်ငံက အကောင်အထည် ဖော်ချိန်တွင် အမေရိကန်တောင်သူများသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ ဆီထွက်သီးနှံများနှင့် အစေ့အဆန်များနှင့် ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ အသားထုတ်ကုန်များကို ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း အမေရိကန်-တရုတ်စီးပွားရေးကောင်စီမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော US Export Report 2022 ကို ကိုးကား၍ ချင်းဂန်းက ပြောကြားခဲ့သည်။ .

ကမ္ဘာတစ်ဝှမ်းရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ ရှုပ်ထွေးသော အခြေအနေများကို မီးမောင်းထိုးပြလျက် စိုက်ပျိုးရေးဆိုင်ရာ အဓိကထုတ်လုပ်သူများအနေဖြင့် တရုတ်နှင့် အမေရိကန်တို့သည် စားသုံးသူများ၊ ကုန်သည်များနှင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်သင့်သည်ဟု တရုတ်သံတမန်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ စိုက်ပျိုးရေး ထောက်ပံ့ရေး ကွင်းဆက်များမြှင့်တင်ရန်၊ ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန်နှင့် နိုင်ငံတကာ စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ချင်းဂန်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly