ဆီးရီးယားရှိ အမေရိကန်ဦးဆောင်သော လေကြောင်း ထိုးစစ်ဆင်မှုများတွင် နယ်သာလန် ပူးပေါင်း ပါဝင်မည်

ဆီးရီးယားရှိ အမေရိကန်ဦးဆောင်သော လေကြောင်း ထိုးစစ်ဆင်မှုများတွင် နယ်သာလန် ပူးပေါင်း ပါဝင်မည်

သည်ဟေ့ဂ်၊ ဇန်နဝါရီ ၂၉။            ။  အစ္စလမ္မစ် နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်)တို့ကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ဆီးရီးယားရှိ အမေရိကန် ဦးဆောင်သော လေကြောင်းထိုးစစ်များတွင် ပါဝင်တိုက်ခိုက်သွားတော့မည်ဖြစ်ပြီး လက်ရှိ အီရတ်ရှိ ယင်း၏ လေကြောင်းစစ်ကူမှုများကို ချဲ့ထွင်သွားတော့မည်ဖြစ်ကြောင်း နယ်သာလန်အစိုး ရက ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာလိုက်သည်။

" အီရတ်မှာ အိုင်အက်စ်တွေကို တိုက်ခိုက်တဲ့နေရာမှာ ပိုပြီး ထိရောက်မှုရှိဖု့ိ လက်ရှိ ဆီးရီးယား အရှေ့ခြမ်းမှာ လုပ်နေတဲ့ လေကြောင်းထိုးစစ်တွေကိုလည်း ပါဝင်လုပ်ဆောင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ် ခဲ့ပါတယ်" ဟု နယ်သာလန် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့က ပြောကြားသွားသည်။

ယမန်နှစ် နှောင်းပိုင်းက ပါရီ အကြမ်းဖက်မှုများနောက်ပိုင်း အိုင်အက်စ် အစွန်းရောက်အဖွဲ့ကို တိုက်ခိုက်မှုများကို ပိုမိုတိုးမြင့်လုပ်ဆောင်ပေးရန် အမေရိကန်နှင့် ပြင်သစ် အစိုးရများက နယ်သာလန် အစိုးရထံသို့ တောင်းဆိုစာများ ပေးပို့ခဲ့ကြသည်။

"ပြီးခဲ့တဲ့ကာလတွေက ပါရီ၊ အစ္စတန်ဘူလ်နဲ့ ဂျာကာတာတို့မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်  မှုတွေကို ကြည့်ရင် အိုင်အက်စ်တွေဟာ ကျွန်တော်တို့တွေရဲ့ လူမှုဘဝ လုံခြုံရေးအတွက် ခြိမ်းခြောက် မှုတစ်ခု ဖြစ်လာနေပါပြီ" ဟု ဒက်ချ် ဝန်ကြီးချုပ် မာ့ခ် ရူတီက ဇန်နဝါရီ ၂၉ ရက်တွင် သတင်းသမား များကို ပြောကြားသည်။

  "ဆီးရီးယား ကောင်းကင်မှာ ကျွန်တော်တို့ရဲ့ F-16 လေယာဉ်တွေကို စေလွှတ်သွားပါမယ်၊ ဆီးရီးယားကနေ အီရတ်ထဲကို အိုင်အက်စ်တွေ ကူးသန်းဝင်ရောက်နေတာတွေကို ရပ်တန့်ဖို့ပါ" ဟု ၎င်းက ပြောသည်။

နယ်သာလန်နိုင်ငံသည် အီရတ်တွင် ပြုလုပ်နေသော ညွန့်ပေါင်းလေကြောင် စစ်ဆင်ရေး များတွင် ပါဝင်ထားပြီးဖြစ်ပြီး ယင်း၏ F -16 လေယာဉ်လေးစင်းဖြင့် မြေပြင်မှ အီရတ် တပ်ဖွဲ့များကို ထောက်ကူမှုများ ပြုလုပ်ပေးနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly