ယူကရိန်းစစ်ပွဲအတွင်း တရုတ်က ရုရှားထံမှ ကျောက်မီးသွေးကို မတန်တဆ လျှော့ဈေးဖြင့် ဝယ်ယူ

ယူကရိန်းစစ်ပွဲအတွင်း တရုတ်က ရုရှားထံမှ ကျောက်မီးသွေးကို မတန်တဆ လျှော့ဈေးဖြင့် ဝယ်ယူ

ဝယ်သူအလုအယက်ရှာဖွေနေသော ရုရှားကုမ္ပဏီများမှ သွင်းကုန်များကို ဂျပန်နှင့် ဥရောပသမဂ္ဂတို့က တားမြစ်ထားစဉ် တရုတ်က စတီးစက်ရုံများတွင် အသုံးပြုသော ကုတ်မီးသွေးကို ရုရှားက ကမ်းလှမ်းသည့် မတန်တဆ လျှော့ဈေးဖြင့် ဝယ်ယူခြင်းဖြင့် ယူကရိန်းအား ရုရှားကျူးကျော်မှုအပေါ် အပြည့်အဝအခွင့်ကောင်းယူလျက်ရှိသည်။

ဈေးနှုန်းမြင့်တက်မှုကြောင့် ဓာတ်ငွေ့တင်သွင်းမှုများ တစ်နှစ်ထက်တစ်နှစ် ၁၇ ရာခိုင်နှုန်း ကျင်းဆင်းနေသော်လည်း တရုတ်သည် အကြမ်းအားဖြင့် ယမန်နှစ် မတ်လက ပမာဏအတိုင်းပင် ပြီးခဲ့သည်လက ရုရှားထံမှ ဘာဝဓာတ်ငွေ့ရည်တန်ချိန် ၃၂၁ ၃၈၀ တင်သွင်းခဲ့သည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်းက ကျောက်မီးသွေးအသုံးပြုမှုကို လျှော့ချရန် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း ၎င်းက စုစုပေါင်းစွမ်းအင်အသုံးပြုမှု၏ ထက်ဝက်ကျော်ကိုယ်စားပြုနေကာ နိုင်ငံ၏အသုံးအများဆုံးစွမ်းအင်အရင်းအမြစ်အဖြစ် ကျောက်မီးသွေးကို လိုအပ်နေသည်။

တရုတ်နိုင်ငံသည် ပြည်တွင်းကျောက်မီးသွေးတူးဖော်ရေးကို အရှိန်မြှင့်လုပ်ဆောင်လာသော်လည်း ၎င်း၏မိုင်းတွင်းများသည် သံမဏိစက်များတွင် အသုံးပြုရန် မသင့်တော်သော အရည်အသွေးညံ့ဖျင်းသည့် ပစ္စည်းများ ထွက်သောကြောင့် ပြည်ပသွင်းကုန်များကို မှီခိုနေရသည်။ သံမဏိပြုလုပ်ရာတွင် အသုံးပြုသည့် လောင်စာဆီတင်သွင်းမှုသည်  အစောပိုင်းတစ်နှစ်က တန်ချိန် ၅၉၀,၀၀၀ ရှိရာမှ မတ်လတွင် တန်ချိန် ၁ ဒသမ ၄ သန်းအထိ မြင့်တက်လာခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

အီးယူသည် ၂၀၂၁ ခုနှစ်က ရုရှားကျောက်မီးသွေး ၅ ဒသမ ၂ ဘီလီယံဖို့ ဝယ်ယူခဲ့သည်။ ယေဘုယျအားဖြင့် ဓာတ်အားထုတ်လုပ်ရန် အသုံးပြုသော ကျောက်မီးသွေးဝယ်လိုအား ပြိုလဲသွားမှုကြောင့် ကျောက်မီးသွေး တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် ၃၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

Berenberg ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ဘောဂဗေဒပညာရှင် ဟိုလ်ဂါရှမီဒင်းက အချိန်အခါသည် အီးယူအဖွဲ့ဝင်များအား အခြားရွေးချယ်စရာရင်းမြစ်များကို ရှာဖွေစေလိမ့်မည်ဖြစ်သလိုရုရှားအတွက်လည်း ပို့ကုန်လမ်းကြောင်းပြောင်းရန် အချိန်ပေးရာရောက်မည်ဖြစ်ကြောင်းပြောသည်။

တရုတ်သည် တတ်နိုင်သမျှ ရုရှားနှင့်သဘောတူညီချက်များပြုလုပ်ရန် ဆုံးဖြတ်ထားသောကြောင့် ရုရှားမှ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဆီ စသည့် ဈေးပေါသောစွမ်းအင်နှင့် ဈေးသက်သောဂျုံတို့၏ဆွဲဆောင်မှုက ဒဏ်ခတ်ပိတ်ဆို့မှုအကြောက်တရားထက် အလေးပိုသာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly