အမေရိကန်က အနေဖြင့် လျှော့တွက်မထားရန် တရုတ် ကာကွယ်ရေးဝန်ကြီး သတိပေး

အမေရိကန်က အနေဖြင့် လျှော့တွက်မထားရန် တရုတ် ကာကွယ်ရေးဝန်ကြီး သတိပေး

တရုတ်၏ ဆုံးဖြတ်ချက်နှင့် စွမ်းဆောင်ရည်ကို အမေရိကန်က လျှော့မတွက်သင့်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟော်က ဧပြီ ၂၀ရက်တွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်နှင့် ဖုန်းပြောစဉ် ပြောကြားခဲ့သည်။

တယ်လီဖုန်းပြောဆိုစဉ် ဝန်ကြီးနှစ်ဦးသည် ရေကြောင်း၊ လေကြောင်းလုံခြုံရေးနှင့် ယူကရိန်း အခြေအနေ များကဲ့သို့သော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

နိုင်ငံအကြီးအကဲနှစ်ဦး၏ သဘောတူညီမှုကို တရုတ်နှင့် အမေရိကန်တို့က စိတ်အားထက်သန်စွာ အကောင် အထည်ဖော်သင့်ကြောင်း ဝေက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။

အမေရိကန်နှင့် ခိုင်မာပြီး တည်ငြိမ်သော အင်အားကြီးနိုင်ငံချင်းဆက်ဆံရေး ထူထောင်နိုင်မည်ဟုမျှော်လင့် ကြောင်း ဝေက ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် တရုတ်က ယင်း၏ အမျိုးသား အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့သည်။ 

ဝေက တရုတ်၏ ဆုံးဖြတ်ချက်နှင့် စွမ်းဆောင်ရည်ကို လျှော့မတွက်သင့်ကြောင်း အမေရိကန်အား သတိပေးခဲ့သည်။

နှစ်နိုင်ငံ စစ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် တည်တည်ငြိမ်ငြိမ်နှင့် ပုံမှန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဘက် စစ်တပ်အကြား အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် အပြန်အလှန်ဖလှယ်မှု များ အားကောင်း လာစေရေး၊ အန္တရာယ်များနှင့် အကျပ်အတည်းများကို စီမံခန့်ခွဲကာ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကိစ္စကို ကောင်းစွာမကိုင်တွယ်ပါက တရုတ်-အမေရိကန် ဆက်ဆံရေးအပေါ် အဖျက်သဘောဆောင်သည့်  အကျိုးသက်ရောက်မှုရှိလာလိမ့်မည်ဖြစ်ကြောင်း ဝေက ပြောကြားခဲ့ပြီး တရုတ် စစ်တပ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အော်စတင်က အမေရိကန်သည် တရုတ်နှင့် စစ်ရေးဖလှယ်ခြင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပွင့်လင်းမြင်သာ စွာဖြင့်  ခိုင်ခိုင်မာမာတည်ဆောက်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဆိုသည်။

နှစ်နိုင်ငံစလုံးက ပြိုင်ဆိုင်မှုနှင့် အန္တရာယ်များကို တာဝန်သိသိဖြင့် စီမံခန့်ခွဲပြီး တပ်မတော်နှစ်ရပ် ရင်ဆိုင် နေရသော အခက်အခဲများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required