နေပြည်တော်၊ဇန်နဝါရီ ၃၀ ။ ။ လာမည့်ဖေဖော်ဝါရီ ၁ရက်နေ့တွင် စတင်ကျင်းပမည့် ဒုတိယအကြိမ်ပြုလုပ်မည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမဆုံးနေ့တွင် သူရဦးရွှေမန်းက လေ့လာသူအဖြစ် တက်ရောက်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောသည်။
“ငါတို့ကလေ့လာသူအဖြစ်တက်ပါမယ်၊ နာယကကြီးဦးတင်ဦးလည်း တက်လိမ့်မယ် သူကတက်ကြွတဲ့အထဲပါ တယ်“ ဟု ယနေ့ညနေပိုင်းအချိန်က စည်ပင်ဧည့်ရိပ်သာတွင် ဦးဝင်ထိန်ကပြောသည်။
အဆိုပါ ဖေဖော်ဝါရီ ၁ ရက် တွင် ကျင်းပပြုလုပ်မည့် လွှတ်တော်အစည်းအဝေး ပထမနေ့ အစီအစဉ် တွင် လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ကျမ်းသစ္စာကျိန်မည်ဖြစ်ကြောင်းနှင့် ဥက္ကဌ တာဝန်ကျပြီးမှ လွှတ်တော် ယန္တရားကို ချောမွေ့စွာလည်ပတ်ဖို့ အစီစဉ်ကို ပြုလုပ်ဖို့ စဉ်းစားထားကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် လျာထားခြင်းခံရသူ ဦးဝင်းမြင့်က ပြောသည်။
“ ကျန်းသစ္စာကျိန်ပြီးလို့ရှိရင် ကိုယ့်တာဝန်ကျလာပြီဆိုလို့ရှိရင် ဒီယန္တာရားကိုချော့မွေ့စွာလည်ပတ်ဖို့ ဒီအစီအစဉ်ပဲ အရင်ဆုံးခေါင်းထဲမှာ ထားထားသေးတယ် “ ဟု လွှတ်တော်အစဉ်ကို မေးမြန်းရာတွင် ဦးဝင်းမြင့် ကဖြေကြားသည်။