အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့မှုအတွက် အစွန်းရောက် ဘာသာရေးခေါင်းဆောင်ကို ပါကစ္စတန်က ထောင်ဒဏ် ၃၃ နှစ် ချမှတ်

By Bitter winter
25 April 2022
အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့မှုအတွက် အစွန်းရောက် ဘာသာရေးခေါင်းဆောင်ကို ပါကစ္စတန်က ထောင်ဒဏ် ၃၃ နှစ် ချမှတ်

ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်လုပ်ငန်းကို ငွေကြေးထောက်ပံ့မှုအတွက် အစွန်းရောက် ဘာသာရေး ခေါင်းဆောင် မိုဟာမက် ဟာဖစ် ဆာအိဒ်ကို လာဟိုးမြို့ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတရားရုံးတစ်ခုက ဧပြီ ၈ ရက်တွင် ထောင်ဒဏ် ၃၃ နှစ် ချမှတ်လိုက်သည်။ ဆာအိဒ်သည် အခြားသော စွဲချက်များအတွက် ၂၀၁၉ ခုနှစ် ဇူလိုင် ၁၇ ရက်ကတည်းက ထောင်ချခံထားရသူဖြစ်သည်။

ယခုအခါ အသက် ၇၁ နှစ်ရှိ ဆာအိဒ်ရှိပြီဖြစ်သော အစိုးရလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်မလွတ်မြောက်ပါက အကျဉ်းထောင်ထဲမှာပင် သေဆုံးရဖွယ် ရှိနေသည်။

ဆာအိဒ်သည် အကြမ်းဖက်လုပ်ငန်းကို ငွေကြေးထောက်ပံ့သည့်အပြင် ကိုယ်တိုင်လည်း အကြမ်းဖက်သမားတစ်ဦး ဖြစ်နိုင်ခြေများစွာရှိသည်။ ၎င်းသည် အမေရိကန်နှင့်ဥရောပသမဂ္ဂတို့က အကြမ်းဖက် အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားသည့် လက်ရှ်ကာ-အီ-တိုင်ဘာ အဖွဲ့၏ ပူးတွဲတည်ထောင်သူဖြစ်သလို ၂၀၀၈ မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုများအတွက် တာဝန်ရှိသူတစ်ဦး ဖြစ်သည်။ အမေရိကန်သည် ၎င်းကို ဖမ်းဆီးနိုင်ရေးအတွက် ဆုငွေ ဒေါ်လာ ၁၀သန်း ထုတ်ခဲ့သေးသည်။

မကြာသေးသော နှစ်များတွင် ဆာအိဒ်သည် ၎င်းတည်ထောင်ခဲ့သော နိုင်ငံရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Jamaat-ud-Dawah အတွက် အချိန်များစွာပေး၍ လုပ်ကိုင်ပ်ခဲ့သည်။ Jamaat-ud-Dawah သည် လက်ရှ်ကာ-အီ-တိုင်ဘာ၏ နိုင်ငံရေးအဖွဲ့ခွဲတစ်ခု ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသော်လည်း ယင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံရေး သက်သက် ဖြစ်ကာ စစ်ရေး လှုပ်ရှားမှုများကို ထောက်ပံ့ခဲ့ခြင်း မရှိဟု ဆာအိဒ်က ပြောခဲ့သည်။

အထူးသဖြင့် နားလည်ရန် ခက်ခဲသော အပိုင်းက ဆာအိဒ်နှင့် အယ်လ်ကိုင်ဒါအဖွဲ့ အကြား ဆက်စပ်မှု ဖြစ်သည်။ ဆာအိဒ် သည် အယ်လ်ကိုင်ဒါ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်ဟု အမေရိကန်က သံသယရှိသော်လည်း ပါကစ္စတန်ကမူ ၎င်းသည် အကြီးတန်း အယ်လ်ကိုင်ဒါ ခေါင်းဆောင်များကို ဖမ်းမိရန် သို့မဟုတ် ရှင်းလင်းရန် ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီ ISI ကို ကူညီခဲ့သည်ဟု ယုံကြည်နေသည်။

လာဟိုးမြို့ အုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်က ယင်းပြဿနာများကို ဖြေရှင်းခဲ့ခြင်း မရှိပေ။ ဆာအိဒ်နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ Jamaat-ud-Dawah သည် အကြမ်းဖက်အဖွဲ့ လက်ရှ်ကာ-အီ-တိုင်ဘာကို ငွေကြေး ထောက်ပံ့ခဲ့သည်ဟု တရားရုံးက သက်သေထူခဲ့သည်။ သို့သော် နောက်ထပ် မေးခွန်းက ဆာအိဒ်နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့ Jamaat-ud-Dawah ကို မည်သည့်အဖွဲ့အစည်းက ငွေကြေးထောက်ပံ့သည် ဆိုသည့်အချက်ပင် ဖြစ်သည်။ ယင်းကိစ္စသည် တရားရုံးက ရှာဖွေဖော်ထုတ်လိုခြင်း မရှိခဲ့သည့် အကြောင်းကိစ္စတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly