အဝေးရောက်တိဗက်များ၏ ဆိုရှယ်မီဒီယာအကောင့်များကို တရုတ်က ပစ်မှတ်ထားနေ

အဝေးရောက်တိဗက်များ၏ ဆိုရှယ်မီဒီယာအကောင့်များကို တရုတ်က ပစ်မှတ်ထားနေ

တိဗက်ကို တရုတ်တို့သိမ်းပိုက်မှုအပေါ်ဆန့်ကျင်သောအသံများကို နှုတ်ဆိတ်သွားစေရန် ရည်ရွယ်၍ တရုတ်အစိုးရသည် ပြည်ပရောက် တိဗက်အစိုးရ အရာရှိများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ လူမှုမီဒီယာအကောင့်များကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီလက ဗဟိုတိဗက်အစိုးရ (CTA) ၏ ပြန်ကြားရေးနှင့်နိုင်ငံတကာဆက်ဆံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် အတွင်းရေးမှူးလည်းဖြစ်သည့် တန်ဇင်းလက်ရှေး၏ တွစ်တာအကောင့်သည် ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့ပြီး ယနေ့ထိတိုင် ဆိုင်းငံ့ခံထားရဆဲဖြစ်သည်ဟု ibet Rights Collective သတင်းဝက်ဘ်ဆိုက်ကဖော်ပြသည်။

အခြားဆက်သွယ်ရေးမီဒီယာပလက်ဖောင်ပေါ်ရှိ တရုတ်အစိုးရမီဒီယာနှင့်ချိတ်ဆက်ထားသော အမည်မသိ မီဒီယာအကောင့်တစ်ခုက တရုတ်နိုင်ငံကို ခြေရာခံသော သံသဖြစ်ဖွယ်လင့်ခ်တစ်ခုကို ချိတ်ဆက်ရန် လက်ရှေးအား တောင်းဆိုလာခဲ့သည်။ လက်ရှေးက အဆိုပါလင့်ခ်ကို ဝင်ရောက်လိုက်သောအခါ တွစ်တာအကောင့်မှာ ပျက်သွားခဲ့သည်။

၁၉၅၉ ခုနှစ်တွင် တရုတ်၏ တရားမဝင် ကျူးကျော်ဝင်ရောက်ခြင်းခံရသော တိဗက်ရှိ တရုတ်၏ မူဝါဒများကို တက်ကြွစွာ ဆန့်ကျင်ကြသည့် တိဗက်လူမျိုးများ၏ ဆိုရှယ်မီဒီယာအကောင့်များအကြားတွင် အလားတူ အကောင့်အဟက်ခံရခြင်းနှင့်
ဆင်ဆာဖြတ်တောက်မှုဖြစ်စဉ်များကို ကြုံတွေ့ကြရသည်။

တိဗက်ဒေသတွင် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာများကို အသိပညာပေးမှုနှင့်ဆက်စပ်သော လှုပ်ရှားမှုများတွင် ထိထိရောက်ရောက်ပါဝင်ခဲ့သော ဟီမာချယ်ပြည်နယ် ဒါရမ်ရှာလာမြို့အခြေစိုက် ထင်ရှားသော တိဗက်လူမျိုးတက်ကြွလှုပ်ရှားသူ ယီရှိဒါဝါ၏အကောင့်သည်လည်း အစောပိုင်းက အပေးအယူလုပ်ခြင်းခံရသည်ဟု သတင်းတွင်ဖော်ပြထားသည်။

တွစ်တာပေါ်တွင် တရုတ်ကို ဆန့်ကျင်သည်ဟု ယူဆသော မှတ်ချက်များနှင့် မူဝါဒဒီယာပို့စ်များနှင့်ဆက်စပ်သော ဆင်ဆာဖြတ်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိပြီး တရုတ်သည် တိဗက်လူမျိုးများနှင့် ပြည်ပရှိ မိသားစုဝင်နှင့်မိတ်ဆွေများအကြား အွန်လိုင်းမှဆက်သွယ်မှုကို တားမြစ်ထားရင်း တိဗက်ဒေသ အတွင်းအပြင်တွင် ဆက်သွယ်ရေးဖြတ်တောက်မှုကို မကြာသေးမီက အရှိန်မြှင့်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly