တရုတ်က နိုင်ငံတကာ အဆင့်မီအဖွဲ့အစည်းများကို ပုံစံသွင်းရန် ရည်ရွယ်နေ

တရုတ်က နိုင်ငံတကာ အဆင့်မီအဖွဲ့အစည်းများကို ပုံစံသွင်းရန် ရည်ရွယ်နေ

ဆိုက်ဘာအင်အားကြီးနိုင်ငံဖြစ်လာရန်ဟူသော တရုတ်၏ရည်မှန်းချက်သည် မျိုးဆက်သစ်နည်းပညာတွင် အနောက်နိုင်ငံများနှင့်ယှဉ်ပြိုင်ရန် ဦးတည်ထားသော ၎င်း၏မူဝါဒများတွင် ထင်ဟပ်ပေါ်လွင်နေပြီး တစ်စိတ်တစ်ပိုင်းကြိုးပမ်းအားထုတ်မှုအနေဖြင့် နိုင်ငံတကာစံနှုန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များ (SDO) တွင် ၎င်း၏သြဇာလွှမ်းမိုးမှုကို အားကောင်းစေရန် ကြိုးပမ်းလျက်ရှိသည်။ 

အဓိကကျသော ဗျူဟာမြောက်နည်းပညာအသုံးပြုမှုကိုထိန်းချုပ်ရန်ရည်ရွယ်ထားသော နိုင်ငံတကာစံနှုန်းလုပ်ငန်းစဉ်ကို လက်ခံယုံကြည်စေရန်ကြိုးပမ်းမှုအဖြစ် တရုတ်သည် နိုင်ငံခြား SDO ဗျူရိုကရေစီများတွင် အဓိကရာထူးနေရာများရယူရန် ခက်ခက်ခဲခဲ စည်းရုံးခဲ့ကြောင်း Tibet Press က ဆိုသည်။

ရည်ရွယ်ချက်ရှိလှသော မဟာဗျူဟာမှာ နိုင်ငံတကာစံနှုန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့များအတွင်း တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို အားကောင်းစေရန်ဖြစ်သည်။

ခါးပါတ်လမ်းရပ်ဝန်း (BRI) သည် Asia Society Policy Institute (ASPI) ၏ ခါးပတ်လမ်းရပ်ဝန်း စီးရီးနှင့်အတူ အာရုံစိုက်မှုများစွာ ရရှိထားပြီး တရုတ်ဆက်သွယ်ရေးနည်းပညာများနှင့် အခြားနည်းပညာမြင့်စနစ်များ တင်ပို့မှုကို ပံ့ပိုးပေးသည့် ဒစ်ဂျစ်တယ်ပိုးလမ်းမ (DSR) ကိုမူ သတိထားမှု နည်းပါးသွားကြသည်။

တရုတ်အစိုးရ၏ နိုင်ငံတကာစံနှုန်းနယ်ပယ်ကို လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းမှုသည် စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးပါဝါ တိုးမြင့်လာမှုအပေါ် ဗဟိုပြုနေသလို နိုင်ငံအကျိုးအမြတ်ဘက်ကနေ စံသတ်မှတ်ခြင်းလုပ်ငန်းစဉ်ကို ချိန်ညှိခြင်းဖြင့် တည်ဆဲအုပ်ချုပ်မှုဖွဲ့စည်းပုံရှိ အားနည်းချက်များနှင့် လစ်ဟာမှုများကို ဖြေရှင်းရန်ဖြစ်ကြောင်း Tibet Press သတင်းက ဖော်ပြသည်။

တရုတ်နိုင်ငံသည် BRI မိတ်ဖက်အစိုးရများနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းနှင့် အဆိုပါနိုင်ငံများကို တရုတ်ရောင်းချသူများနှင့် စံချိန်စံညွှန်းများနှင့် ချုပ်နှောင်ကာ မှီခိုအားထားမှု ထူထောင်ခြင်းဖြင့် စီမံကိန်းလက်ခံနိုင်ငံများတွင် ၎င်း၏နည်းပညာဆိုင်ရာ စံနှုန်းများကို ဖြန့်ဖြူးလျက်ရှိသည်။

တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များသည် မျိုးဆက်သစ်နည်းပညာများအတွက် ကမ္ဘာ့စံနှုန်းများချမှတ်ခြင်းအပြင် Internet of Things၊ Cloud Computing၊ Big Data၊ 5G နှင့် ဥာဏ်ရည်တုကဲ့သို့သော အရေးကြီးသောနည်းပညာများကို ထိန်းချုပ်နိုင်စေရန် အလေးထားကြောင်း Tibet Press က ဖော်ပြခဲ့သည်။

တရုတ်က ကမ္ဘာ့နည်းပညာစံနှုန်းများကို လွှမ်းမိုးထားခြင်းဖြင့် ကမ္ဘာ့အနာဂတ်ပုံသဏ္ဍာန်နည်းပညာများကို လက်ဝါးကြီးအုပ်ရယူခြင်းကို တားဆီးရန် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အဆိုပါ လှုပ်ရှားမှုများကို သတိထားသင့်ကြောင်း Tibet Press က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly