အဝေးရောက်တိဗက်အစိုးရ၏ လူမှုမီဒီယာကို တရုတ်အစိုးရက ပစ်မှတ်ထားတိုက်ခိုက်နေ

အဝေးရောက်တိဗက်အစိုးရ၏ လူမှုမီဒီယာကို တရုတ်အစိုးရက ပစ်မှတ်ထားတိုက်ခိုက်နေ

တရုတ်က တိဗက်သိမ်းပိုက်မှုကို ဆန့်ကျင်ခြင်းအား နှုတ်ပိတ်ရန် ရည်ရွယ်သည့်အနေဖြင့် တိဗက် အဝေး ရောက် အစိုးရအရာရှိများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဆိုရှယ်မီဒီယာများကို တရုတ် အစိုးရက ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ပြောရေးဆိုခွင့်ရှိသူနှင့် တွဲဘက်အတွင်းဝန်တန်ဇေးလက်ခ်ရှေးက တရားဝင် ကိုင်တွယ်သည့် တိဗက်ဗဟိုအုပ်ချုပ်ရေးအဖွဲ့(CTA) ၏ ပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန [CTA] ၏ တွစ်တာအကောင့်သည် ထူးထူးခြားခြား ပျောက်ကွယ်သွားပြီး ယနေ့အချိန်အထိ ဆိုင်းငံ့ခံထားရ ဆဲဖြစ်ကြောင်း တိဗက်အခွင့်အရေးစုပေါင်းအဖွဲ့က ပြောကြားခဲ့သည်။

အစောပိုင်းထုတ်ပြန်ချက်တစ်ခုတွင် တရုတ်သို့ တန်ပြန်ခြေရာခံသည့် လျှို့ဝှက်ဆန်းကြယ် သောလင့်ခ် တစ်ခုကို ဝင်ရောက်အသုံးပြုရန် လက်ခ်ရှေးအား တောင်းဆိုမှုနှင့်အတူ အခြားဆက်သွယ်ရေးကွန်ရက်တွင် တရုတ် အစိုးရပိုင်မီဒီယာနှင့် ချိတ်ဆက်ထားသော အမည်မသိမီဒီယာနှင့် ဆက်သွယ်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

လင့်ခ်ကို ဝင်ရောက်ရန်ကြိုးပမ်းပြီးချိန်တွင် တွစ်တာအကောင့်မှာ အလုပ်မလုပ်တော့ပေ။ 

၁၉၅၉ ခုနှစ်တွင် တရားမဝင် ကျူးကျော်သိမ်းပိုက်ခဲ့သည့် တိဗက်ရှိ တရုတ်၏မူဝါဒများကို တက်ကြွစွာ ဆန့်ကျင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အကောင့်များသည် တိဘက်လူမှုမီဒီယာများတွင် အလားတူ ထိုးဖောက်တိုက်ခိုက်ခံရမှုနှင့် ဆင်ဆာဖြတ်တောက်ခံရကြောင်း သတင်းက ဆိုသည်။

တိဗက်ဒေသ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေးခြင်းနှင့် ပတ်သက် သည့် လှုပ်ရှားမှုများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်သည့် ဟိမန်ချယ် ပရာဒေ့ချ်ပြည်နယ်၊ ဒမ်ဆာရာ မြို့အခြေစိုက် ထင်ရှားသော တိဘက်တက်ကြွလှုပ်ရှားသူ ယာရှီ ဒါဝါ၏ အကောင့်သည်လည်း အစောပိုင်းတွင် ထိုးဖောက်ထိန်းချုပ်ခံခဲ့သည်ဟု သတင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly