တရုတ်အစိုးရ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကြောင့် ပြည်သူများ ဒုက္ခရောက်နေ

တရုတ်အစိုးရ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကြောင့် ပြည်သူများ ဒုက္ခရောက်နေ

တရုတ် ပြည်သူများအနေဖြင့် အစိုးရ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို လိုက်နာနေသော်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုများ ဆက်လက် မြင့်တက်နေခြင်းကြောင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခြင်း၊ ပိတ်ဆို့ကန့်သတ်မှုများ သက်တမ်း တိုးခြင်း၊ စီးပွားရေး ဆုံးရှုံးမှု ကြီးမားခြင်းနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိကြသည်။ 

တရုတ်၏ ဘဏ္ဍာရေးမြို့တော်နှင့် လူဦးရေ ၂၆ သန်းကျော်နေထိုင်သည့် ရှန်ဟိုင်မြို့သည် ဝူဟန်ပြည်နယ်တွင် ၂၀၁၉ခုနှစ် ကပ်ရောဂါစတင်ပြီးနောက်ပိုင်း တရုတ်တွင် အဆိုးရွားဆုံး ကိုဗစ်ဖြစ်ပွားမှုများကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များစွာအတွင်း ပိတ်ဆို့ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့သည်။

အတင်းအကျပ်အစုလိုက်အပြုံလိုက်စမ်းသပ်မှု၊ တင်းကျပ်သော ပိတ်ဆို့ကန့်သတ်မှုများနှင့် ကပ်ရောဂါကို ကိုင်တွယ်ရန် သီးသန့်ခွဲထားသည့်အချိန်များထပ်တိုးထားရှိသော်လည်း ကိုဗစ်က ဆက်လက်တည်ရှိနေပြီး ရောဂါလက္ခဏာမပြသော ကိုဗစ်ကူးစက်ခံရသူများအား အထူးသီးသန့်သီးခြားခွဲထားရာနေရာများတွင်ပင် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် တင်းကျပ်သောအစီအမံများသည် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း The Israel Times မှ ကိုးကားဖော်ပြခဲ့သည်။

ပိတ်ဆို့ကန့်သတ်မှုများကြောင့် သိသာသည့် အခက်အခဲအဟန့်အတားများရှိကြောင်း တရုတ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်းက တရုတ်ဒုဝန်ကြီးချုပ် ဟူချွန်းဟွာထံ ဧပြီ ၈ ရက်တွင် တိုင်ကြားခဲ့သည်။

ထိုသို့လုပ်ဆောင်ချက်သည် "တရုတ်ဈေးကွက်အပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပျက်ပြားစေပြီး ကျန်ကမ္ဘာ့နိုင်ငံများတွင် တရုတ်၏ ပုံရိပ်ကို ဆိုးရွာစွာ သက်ရောက်မှုရှိစေသည်"; ဟု သတိပေး ခဲ့သည်။

မကြာသေးမီရက်များအတွင်း ရှန်ဟိုင်းမှ ထွက်ပေါ်လာသော ဗီဒီယိုအများအပြားက ပြည်သူများ၏ ဘဝကို ကသောင်းကနင်းဖြစ်စေသည့် အစီအမံများကို အာဏာပိုင်များက ထပ်မံတင်းကျပ်မှုများအား ဒေါသထွက် နေသော ဒေသခံများက ဆန့်ကျင်ကန့်ကွက်နေသည်ကို ဖော်ပြနေသည်ဟု The Israel Times က ဆိုခဲ့သည်။

ဗီဒီယိုများတွင်"ရဲ" တံဆိပ်တပ်ထားသော ဝတ်စုံများဝတ်ဆင်ထားသည့် ကျန်းမာရေးဝန်ထမ်းအချို့သည် မြို့ခံများကို မြေပြင်သို့ လဲချချုပ်ဖမ်းပြီး အဖြူရောင်ဗင်ကားတစ်စင်းဆီသို့ ဦးတည်သွားသည်ကို တွေ့ရသည်။

အချို့သော စင်တာများ၏ အခြေအနေများသည် အလွန်ဆိုးရွားလွန်းသဖြင့် လူမှုမီဒီယာအချို့တွင် ယင်းတို့အား "ဒုက္ခသည်စခန်းများ" နှင့် "ငရဲစခန်းများ" အဖြစ် ဖော်ပြကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly