ရုရှား၊ တရုတ်တို့နှင့် ပတ်သက်နေသည့် လေဘာပါတီအမတ်များကို စစ်ဆေးရန် ဗြိတိန်ပါတီစုံအမတ်များ တောင်းဆို

ရုရှား၊ တရုတ်တို့နှင့် ပတ်သက်နေသည့် လေဘာပါတီအမတ်များကို စစ်ဆေးရန် ဗြိတိန်ပါတီစုံအမတ်များ တောင်းဆို

ဗြိတိန်နိုင်ငံမှ လွှတ်တော်အမတ်များ၏ တောင်းဆိုမှုကြောင့် လေဘာပါတီခေါင်းဆောင် ဆာခီရာစတာမာသည် ၎င်းတို့ပါတီမှ အမတ်များနှင့် ရုရှားအစိုးရတို့ နီးကပ်သော ဆက်စပ်မှုအပေါ် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို လုပ်ဆောင်ရမည်ဖြစ်သည်။

ဘာရီ ဂါဒင်နာ၏ သားဖြစ်သူသည် ဘောလုံးနှင့် ပတ်သက်သည့် အတွေ့အကြုံမရှိဘဲ ၂၀၁၆ခုနှစ်တွင် ရုရှား ထိပ်တန်းကလပ် ဇင်းနစ်စိန့်ပီတာစဘတ်မှ ခေါ်ယူခဲ့ခြင်းနှင့် ပတ်သက်၍လည်း မေးခွန်းများထုတ်ခဲ့ကြသည်။ 

ဂျက်ကော့ ဂရယ်ဘယ် ဂါဒင်နာစမစ်သည် ယခုအခါ ဗြိတိန်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဇန်နဝါရီလက တည်းက Hemel Hempstead Town အသင်းအတွက် ကစားပေးခဲ့သည်။

ရုရှား၊ တရုတ်တို့နှင့် ဆက်နွှယ်နေသည့် စုံစမ်းစစ်ဆေးမှု မပြီးမချင်း ဂါဒင်နာအား ပါတီတာဝန်များမှ ဆိုင်းငံ့ထားရန် လေဘာပါတီခေါင်းဆောင် ဆာခီရာအား တိုက်တွန်းထားသည်။

၂၀၂၂ခုနှစ် အစောပိုင်းတွင် ဂါဒင်နာသည် တရုတ်သူလျှိုတစ်ဦးအား ပါလီမန်ရှိ ၎င်း၏ ရုံးသို့ ပေါင်ငွေ ထောင်ပေါင်းများစွာ လှူဒါန်းခွင့်ပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ 

ခရစ်စတင်းလီသည် တရုတ်ကို ထောက်ခံရန် ဖိအားပေးသည့် အဖွဲ့များစွာ၏ ဒါရိုက်တာဖြစ်ပြီး ဘရန့်နော့ လွှတ်တော် အမတ်အား ၎င်း၏ ဝန်ထမ်းစရိတ်အတွက် ပေါင် ၄သိန်း ပေးခဲ့သည်။

လီသည် တရုတ်ကွန်မြူနစ်ပါတီကိုယ်စား နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု အောက်လွှတ်တော် ဥက္ကဌ ဆာ လင်ဒါက ပြောကြားခဲ့သည်။

“ဒီလို ထိတ်လန့်စရာကောင်းတဲ့ ထုတ်ဖော်ပြောဆိုမှုတွေအတွက် ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာဖြစ်ပြီး ဘာရီ ဂါဒင်နာက သူနဲ့ သူ့မိသားစုရဲ့ တရုတ်၊ ရုရှားတွေနဲ့ ဆက်ဆံပုံ
အသေးစိတ်အချက်အလက်အားလုံးကို ထုတ်ပြန်ရပါမယ်” ဟု အလုပ်သမားဝန်ကြီးဟောင်းတစ်ဦးက ဧပြီ ၁၉ရက်ညက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly