နိုင်ငံရေး အကျဉ်းသားအများစု ဒုတိယအကြိမ် လွှတ်တော်တွင် လွှမ်းမိုးမှု အထွေအထူးခံစားချက်မရှိ ဟုသူရဦးရွှေမန်းပြော

နိုင်ငံရေး အကျဉ်းသားအများစု ဒုတိယအကြိမ် လွှတ်တော်တွင် လွှမ်းမိုးမှု အထွေအထူးခံစားချက်မရှိ ဟုသူရဦးရွှေမန်းပြော
ဓာတ်ပုံ-မင်းမင်း မဇ္စျိမ

နေပြည်တော်၊ ဇန်နဝါရီ ၃၀ ။       ။ တစ်ချိန်က နိုင်ငံရေးအကျဉ်းသားဟောင်းအများစုမှ ဒုတိယအကြိမ် ကျင်းပမည့် လွှတ်တော်အပေါ် လွှမ်းမိုးထားမှုကို ပုဂ္ဂလိက ခံစားချက်အနေဖြင့် အထွေအထူးမရှိကြောင်း သူရဦး ရွှေမန်းက ပြောကြားသည်။

“အစိုးရအဖွဲ့ဖွဲ့မယ်၊ဒီဟာသည် ပုဂ္ဂလိကခံစားချက်ဆိုတာထက် လွှဲပြောင်းပေးနိုင်မှုက နိုင်ငံ့ဂုဏ်တစ် ရပ် ၊ဒီလိုဆောင်ရွက်ပေးနိုင်လို့ တို့တတွေ ဂုဏ်ယူရမယ်၊ အဲ့ဒါဟာပြောမယ်ဆိုရင်   နိုင်ငံသားတွေ အပေါ်မှာ သစ္စာရှိတာပဲ “ ဟု ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပမည့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအပါဝင် လွှတ်တော်အသီးသီးသို့ နိုင်ငံရေးအကျဉ်းသားဟောင်း ၁၁၇ ဦးရောက်ရှိ ပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း မှသိရသည်။      

အနိုင်ရကိုယ်စားလှယ်လောင်းများသည် ဖေဖဝါရီ ၁ ရက်နေ့ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်၊ လွှတ်တော် သက် တမ်းစတင်နိုင်ရန်အတွက် ဇန်နဝါရီ ၃၀ ရက်နေ့တွင် လွှတ်တော်ဝင်းအတွင်း  အစမ်းလေ့ ကျင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

“ စိုးရိမ်စိတ်ဆိုတာ ရှိကြပါတယ်၊ဒါမယ့်စိုးရိမ်မှုကို ပယ်ဖျောက်ပြီးတော့ တစ်ကယ့်စစ်မှန်တဲ့ အသွင်ကူးပြောင်းရေး ကာလ တရားမျှတရေးရရှိဖို့၊စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့နဲ့ အမျိုးသား ပြန် လည်ရင်ကြားစေ့ရေး အောင်မြင်နိုင်ရေးအတွက်ကို အားလုံးကဝိုင်းပြီးတော့ ကြိုစားဆောင်ရွက်ရမှာပါ “ ဟု  နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်းမှရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။ 

နိုင်ငံအရေးအကျဉ်းသားအဟောင်းတွေကမကဘဲ အရင်ချိန်က အတိုက်ခံများယခုလွှတ် တော် အသီးသီးသို့ရောက်သွာပြီဖြစ်ကြောင်းနှင့်၎င်းတို့အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် အမျိုး သားပြန်လည်သင့်မြတ်ရေးလမ်းစဉ်သို့ ဦးတည်ဆောင်ရွက်ကြမည်ဟုမျော်လင့်ကြောင်း  နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်းမှရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly