မန်ယူအသင်းခေါင်းဆောင်ဟောင်းဗီဒစ် ကစားသမားဘဝမှအနားယူ

မန်ယူအသင်းခေါင်းဆောင်ဟောင်းဗီဒစ် ကစားသမားဘဝမှအနားယူ

ဇန်နဝါရီ ၃၀၊ မန်ချက်စတာ ။             ။ ဘောလုံးသမားဘဝမှ အနားယူပြီဖြစ်ကြောင်း မန်ယူအသင်းခေါင်းဆောင်ဟောင်း ဗီဒစ်ကကြေညာလိုက်သည်။ မန်ယူတွင်ရှစ်နှစ်တာအတွင်း ပရီးမီးယားလိဂ်ဖလား ငါးကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ်ရခဲ့သော ဆားဘီးယားကစားသမားက ဒဏ်ရာပြဿနာများကြောင့် အနားယူခဲ့ရခြင်း ဖြစ်သည်ဟု ပြောသည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဗီဒစ်သည် ယခုနှစ်ဘောလုံးရာသီတွင် စီးရီအေ၌ပွဲထွက်ခွင့်မရသဖြင့် ဇန်နဝါရီလအတွင်း အင်တာမီလန်အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့သည်။

"အနားယူဖို့အချိန်ရောက်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းရခဲ့တဲ့ ဒဏ်ရာတွေက အနားယူဖြစ်စေခဲ့တာပါ။ ကျွန်တော်နဲ့တွဲကစားဖူးတဲ့ ကစားဖော်တွေ၊ လက်တွဲဖူးတဲ့ နည်းပြတွေအားလုံးကိုကျေးဇူးတင်သလို လွန်ခဲ့တဲ့နှစ်တွေအတွင်းအားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း သိပ်ကျေးဇူးတင်ပါတယ်"ဟု ဗီဒစ်က မန်ယူအသင်းဝက်ဘ်ဆိုက်သို့ပြောသည်။

ဗီဒစ်သည် ၂၀၁၄ ဇူလိုင်တွင်အင်တာမီလန်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့ပြီး ပထမနှစ်တွင် ၂၈ ပွဲကစားခဲ့သည်။ သို့သော် နောက်တစ်ရာသီတွင်မူအူကျရောဂါကြောင့် ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly