ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် တရုတ်၏ တတိယမြောက် လေယာဉ်တင်သင်္ဘောထုတ်လုပ်မှုကို ကြန့်ကြာစေနိုင်

ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် တရုတ်၏ တတိယမြောက် လေယာဉ်တင်သင်္ဘောထုတ်လုပ်မှုကို ကြန့်ကြာစေနိုင်

တရုတ်၏ စီးပွားရေးအချက်အချာဖြစ်သော ရှန်ဟိုင်းတွင် ပြင်းထန်သော ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ထား ခြင်းကြောင့် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် အခက်ကြုံနေရပြီး တရုတ်၏ တတိယမြောက် လေယာဉ်တင်သင်္ဘောထုတ်လုပ်မှုသည် ကြန့်ကြာမည့် အခြေအနေတွင် ရှိနေသည်။

လောင်နင်းနှင့် ရှန်တုံပြီးနောက် တတိယမြောက် လေယာဉ်တင် သင်္ဘောကို ဧပြီ ၂၃ ရက်က ကျရောက်သည့် တရုတ်ရေတပ် (PLAN) ၏ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တပ်တော်ဝင်ရန် စီစဉ်ထားကြောင်း ဟောင်ကောင်မီဒီယာကို ကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

ရှန်ဟိုင်းတွင် ကူးစက်ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေခြင်းကြောင့် သင်္ဘောအတွက်လိုအပ်သော အဓိက အစိတ်အပိုင်းအချို့ကို ပေးပို့မှု နှောင့်နှေးနေကြောင်း ဟောင်ကောင်မီဒီယာသတင်းရင်းမြစ်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ရောဂါဖြစ်ပွားနေစဉ်အတွင်း ဌာနဆိုင်ရာအခက်အခဲများကြောင့် ရေချပွဲအခမ်းအနားကိုလည်း ရွှေ့ဆိုင်းနိုင် ကြောင်း အခြားသတင်းရင်းမြစ်တစ်ခုက သတင်းစာသို့ ပြောကြားခဲ့ကြောင်း သတင်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ထပ်မံဖြစ်ပွားမှုနှင့် ဆက်စပ်၍ မတ်လ ၂၈ ရက်တွင် ရှန်ဟိုင်းရှိ ပြည်သူ ၂၅ သန်းကို အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားခဲ့သည်။

မူလက ဧပြီလ ၅ ရက်အထိသာ စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာခြင်းကြောင့် နောက်ပိုင်းတွင် သက်တမ်းတိုးခဲ့သည်။ 

ဧပြီ ၁၇ရက်က ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၂၄,၈၂၀ ကို အတည်ပြုခဲ့သည်။

အချို့အမြန်လမ်းများကို ပိတ်ထားခြင်း၊ ကုန်ကားယာဉ်မောင်းများကို သီးသန့်ခွဲထားရန် လိုအပ်ခြင်း သို့မ ဟုတ် အဝေးပြေးကျန်းမာရေးစစ်ဆေးရေးဂိတ်ထောင်ပေါင်းများစွာတွင် ရောဂါစစ်ဆေးရန် လိုအပ်ခြင်းကြောင့် နိုင်ငံတစ်ဝန်း ထောက်ပံ့ရေးပစ္စည်းများရရှိရေးသည် ခက်ခဲနက်နဲသော စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly