ပါကစ္စတန်ရှိ အယောင်ဆောင်ကွန်ရက်များက တရုတ်ကို အားပေးသည့် လုပ်ဇာတ်များကို ပံ့ပိုးပေးနေ

ပါကစ္စတန်ရှိ အယောင်ဆောင်ကွန်ရက်များက တရုတ်ကို အားပေးသည့် လုပ်ဇာတ်များကို ပံ့ပိုးပေးနေ

ပါကစ္စတန်ရှိ အကောင့်တု အသုံးပြုသူအများအပြားသည် Twitter အကောင့်အတုများမှတစ်ဆင့် တရုတ်နှင့် ပါကစ္စတန်ကို ထောက်ခံအားပေးသော ဇာတ်ကြောင်းများကို ရေးသားရာတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြုနေကြောင်း ဒစ်ဂျစ်တယ်မှုခင်းနှင့် အချက်အလက်စစ်ဆေးရေးစင်တာတို့၏ အစီရင်ခံစာများတွင် အတည်ပြုထားသည်။

Twitter အကောင့်အများအပြားသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အတွက်သာ ရည်ညွှန်း အသုံးပြုကြပြီး CPEC နှင့်ပတ်သက်သော တွစ်တာပို့စ်အများအပြားကို ပြန်လည်မှတ်ချက်ပြုကြကြောင်း အချက်အလက်စစ်ဆေးခြင်းကို အလေးထားသော ဘက်မလိုက်လွတ်လပ်သော မီဒီယာအဖွဲ့အစည်းဖြစ်သည့် ဒစ်ဂျစ်တယ်မှုခင်း သုတေသနနှင့် ပိုင်းခြားစိတ်ဖြာရေးစင်တာ (D-FRAC) ကဖော်ထုတ်ခဲ့သည်။

ထို့ပြင် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနှင့်ပတ်သက်သောပို့စ်များကို အပြန်အလှန် မှတ်ချက်ပြုကြသော တခြား အကောင့်တုများစွာလည်း ရှိသည်။ အဆိုပါ Twitter အကောင့်အများ အပြားသည် ၎င်းတို့၏ ရည်ရွယ်ချက်များဖြစ်မြောက်ရန် အသုံးပြုသူအမည်များကို ပြောင်းလဲခဲ့ကြောင်း အစီရင်ခံစာများက ဖော်ပြသည်။

@Xinhua_88 နှင့် @ChinaPakWW ကဲ့သို့သော ပါကစ္စတန်အကောင့်အတုအချို့ကို တွေ့ရှိခဲ့ပြီး ယခုအခါ အဆိုပါအကောင့်များကို Twitter မှ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ပါကစ္စတန် အယောင်ဆောင် အကောင့်များသည် အကောင့်တချို့ကို ပွဲထုတ်ခဲ့ပြီး ၎င်းတို့ဇာတ်ကြောင်းများကို ဖော်ထုတ်ခဲ့သည်။ ထိုကဲ့သို့သော Twitter အကောင့်တစ်ခုမှာ @MelaneJones ဖြစ်ပြီး အသုံးပြုသူအမည်ဟောင်းမှာ @shqft81 ဖြစ်သည်။ ဤအိုင်ဒီသည် တရုတ်ကို ထောက်ခံပြီး ပါစ္စတန်ကို လိုလားသော မှတ်ချက်များဖြင့် ပြည့်နှက်နေသည်။ ဤ ID ၏ မှတ်ချက်များတွင် အသုံးအများဆုံးစကားလုံးများမှာ ပါကစ္စတန်၊ တရုတ်၊ ပါကစ္စတန်လူမျိုး၊ တရုတ်လူမျိုး၊ ဂွါဒါနှင့် အစ္စလာမာဘတ်တို့ဖြစ်သည်။

၎င်းအကောင့်ကွန်ရက်များသည် ID များကို ကြိုးကိုင်ကာ ၎င်းတို့၏ ပို့စ်များကို အပြန်အလှန်မှတ်ချက်ပြုခြင်းအားဖြင့် ၎င်းတို့ အစီအစဉ်များကို တွန်းအားပေးရန် ကြိုးစားနေသည်ဟု အစီရင်ခံစာတွင် ထုတ်ဖော်ပြသထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly