တရုတ်က ရုရှားအား ထောက်ခံသည့် ရပ်တည်ချက်ကို တွစ်တာအသုံးပြုသူများ ဖော်ထုတ်

တရုတ်က ရုရှားအား ထောက်ခံသည့် ရပ်တည်ချက်ကို တွစ်တာအသုံးပြုသူများ ဖော်ထုတ်

ယူကရိန်းပဋိပက္ခတွင် တရုတ်က ရုရှားကို ထောက်ခံသည့် ရပ်တည်ချက်ကို တွစ်တာအသုံးပြုသူ အများအပြားက ဖော်ထုတ်လိုက်ခြင်းသည် တရုတ်ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

ကေရာမိုစကီးမြို့ရှိ ရထားဘူတာရုံတစ်ခုအား ရုရှားက တိုက်ခိုက်ခဲ့ခြင်းကို ယူကရိန်းက တိုက်ခိုက်ခဲ့ ခြင်းဖြစ် သည်ဟု ထင်ရှားသော စစ်ဘက်ဘလော့ဂ်တစ်ခုက မှားယွင်း ဖော်ပြခဲ့ခြင်းကို တရုတ်၏ လူကြိုက်အများဆုံး လူမှုမီဒီယာများတွင် တိုက်ရိုက်ကူးယူ ပြန်တင်ထားသည့် ပို့စ်များက ဖော်ပြနေပြီး ထင်ရှားသော မျက်မှောက်ရေးရာ ဆန်းစစ်သူတစ်ဦးကလည်း ဘူချာမြို့ ရက်စက်မှုများအကြောင်းကို မျက်ကွယ်ပြုထားသလို ထောင်နှင့်ချီ၍ ပရိသတ်ရှိသော ဗီဒီယိုတင်ဆက်သူတစ်ဦးက ယူကရိန်းကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြကြောင်း CNN က ဖော်ပြခဲ့သည်။

မကြာသေးမီရက်သတ္တပတ်များက လူမှုမီဒီယာပေါ်တွင် မျှဝေထားသော ဘာသာပြန်ထားသည့် စာသားများက အနောက်နိုင်ငံများမှ ဖတ်ရှုသူပရိသတ်များအနေဖြင့် တရုတ်အင်တာနက်အခြေအနေကို တစေ့တစောင်း သိရှိခွင့်ရစေခဲ့သည်။

ယင်းပို့စ်များ၏ ရည်ရွယ်ချက်မှာ အနောက်တိုင်းပရိသတ်များကို တရုတ်၏ အလွန်အမင်း ဆင်ဆာ ဖြတ်တောက်ထားသော လူမှုမီဒီယာများတွင် ရုရှားလိုလားသော သို့မဟုတ် အမျိုးသားရေးအကြောင်း အရာအစစ်အမှန်များကို ထုတ်ဖော်ပြသရန် ရည်ရွယ်ထားကြောင်း အမည်မဖော်လိုသည့် တွစ်တာ အသုံးပြုသူများက ပြောကြားသည်။

အဆိုပါ ပို့စ်များသည် "ကြီးမားသည့် ဘာသာပြန်လှုပ်ရှားမှု" ဟုခေါ်သည့် ဟက်ရှ်သင်္ကေတ အောက်တွင် ဖော်ပြလေ့ရှိသလို တစ်စုံတစ်ဦး၏ ထိန်းချုပ်မှု ကင်းပြီး အမည်မဖော်လို့သည့်အဖွဲ့မှ တူညီသော
အမည်ဖြင့် သုံးသော အကောင့်တစ်ခုမှ မျှဝေလေ့ရှိသည်ဟု အဆိုပါစာမျက်နှာကို စီမံခန့်ခွဲသူက CNN နှင့် တွေ့ဆုံခန်းတွင် ပြောကြားသည်။

အားလုံးမဟုတ်သော်လည်း အများစုက ကြိုက်နှစ်သက်ကြောင်းအချက်ပြခြင်း သို့မဟုတ် မျှဝေခြင်းတို့ကို တရုတ်နိုင်ငံအတွင်း လုပ်ဆောင်ခဲ့ကြပြီး ဝက်ဘ်ဆိုက် စီမံခန့်ခွဲသူ၏ စံနှုန်းများအရ ဆောင်ရွက်သည်။

အဆိုပါ အကောင့်များကို မတ်လအစောပိုင်းတွင် စဖွင့်ပြီးနောက်ပိုင်း ကြိုက်နှစ်သက်သူနှင့် မကြိုက်နှစ်သက်သူ များစွာ ရရှိခဲ့ကာ ပရိသတ် ၁၁၆ ဝ၀ဝ ကျော်ရှိခဲ့သည့်အပြင့် တရုတ်အစိုးရပိုင်မီဒီယာများမှ ဝေဖန်မှုအချို့ကို ရရှိခဲ့သည်။

တရုတ်နိုင်ငံနှင့် လူမှုမီဒီယာများတွင် ရုရှားလိုလားသော အကြောင်းအရာများကို ဖြန့်ဝေနေချိန်သလို ယူကရိန်း အရေးတွင် တရုတ်က ကြားနေဟန်ဆောင်နေခြင်းကို တုံ့ပြန်သည့်အနေဖြင့် ယင်းလှုပ်ရှားမှုကို စတင်ခြင်း ဖြစ်ကြောင်း အဆိုပါစာမျက်နှာကို စီမံခန့်ခွဲသူတစ်ဦးက CNN ကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly