ဒုက္ခသည်ပေါ်လစီကြောင့် ဂျာမန် ၄၀ ရာခိုင်နှုန်းက မာကယ် ရာထူးမှ နုတ်ထွက်ပေးရန် လိုလား

ဒုက္ခသည်ပေါ်လစီကြောင့် ဂျာမန် ၄၀ ရာခိုင်နှုန်းက မာကယ် ရာထူးမှ နုတ်ထွက်ပေးရန် လိုလား

ဘာလင်၊ ဇန်နဝါရီ ၂၉ ။          ။ လွန်ခဲ့သည့်နှစ်က ဒုက္ခသည် ၁ဒသမ၁သန်းကို နိုင်ငံတွင်းသို့ ဝင်ရောက်စေခဲ့သည့် ၎င်း၏ ဒုက္ခသည်ပေါ်လစီကြောင့် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်အား ရာထူးမှနုတ်ထွက်ပေးရန် ဂျာမန် ၄၀ရာခိုင်နှုန်းက လိုလားနေသည်ဟု Focus မဂ္ဂဇင်းအတွက် ပြုလုပ်သော Insa စစ်တမ်းတစ်ခုတွင် ဇန်နဝါရီ ၂၉က ဖော်ပြထားသည်။

စစ်တမ်းကို ဇန်နဝါရီ ၂၂မှ ၂၅အထိ ဂျာမန်နိုင်ငံသား ၂,၀၄၇ဦးကို မေးမြန်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျာမန်လူမျိုး ၄၅ဒသမ၂ရာခိုင်နှုန်းကမူ မာကယ်၏ ဒုက္ခသည်ပေါ်လစီသည် ၎င်းရာထူးမှ နုတ်ထွက်ရေးအတွက် အကြောင်းရင်းတစ်ခုမဟုတ်ဟု ယုံကြည်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly