ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် အဓမ္မ ဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ်များ ဆက်ရှိနေ

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် အဓမ္မ ဖမ်းဆီးခံရသူများ ပျောက်ဆုံးသည့် ဖြစ်စဉ်များ ဆက်ရှိနေ

ပါကစ္စတန်နိုင်ငံတွင် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးသွားမှု (enforced disappearances) ဖြစ်စဉ်များ ဆက်ရှိနေပြီး ယင်းကိစ္စရပ်က အထူးသဖြင့် ဘာလိုချီစတန်ပြည်နယ်အပေါ် ဖိစီးဒုက္ခပေးထားခဲ့ကာ တရားဝင်စာရင်းအချက်အလက်များအရ အဓမ္မ ဖမ်းဆီးခံရပြီး ပျောက်ဆုံးမှုပေါင်း ၂၂,၆၀၀ ခုအနက် အမည် ၃၄၈ ခုသည် ယင်းပြည်နယ်၏ ခိုလူခရိုင်မှ ဖြစ်ကြောင်း သိရသည်။

ပါကစ္စတန်၏ လုံခြုံရေးအေဂျင်စီများ၊ အထူးသဖြင့် ထောက်လှမ်းရေး အေဂျင်စီ ISI ၏ အဓမ္မ ဖမ်းဆီးခေါ်ဆောင် ဖျောက်ဖျက်မှုများနှင့် ဉပဒေမဲ့ ခေါ်ဆောင်မှု ဖြစ်စဉ်များက ဘာလိုချီစတန်ပြည်နယ်တွင် ၁၀စုနှစ် နှစ်စုကျော်ကြာ ဆက်ရှိနေဆဲဖြစ်ပြီး ယင်းဖြစ်ရပ်များကို မီးမောင်းထိုးပြသရန် ကမ္ဘာတဝန်း ဆန္ဒထုတ်ဖော်မှု အချို့လည်း ပေါ်ပေါက်ခဲ့သည်။

ပါကစ္စတန်၏ ဘာလိုချီစတန်ပြည်နယ်တွင် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးသွားမှု ကိစ္စရပ်များက ပုံမှန်ကဲ့သို့ ဖြစ်နေပြီး ယင်းပြည်နယ်၏ ခိုလူခရိုင်ကနေ လူပေါင်း ၃၄၈ ဦး ပျောက်ဆုံးလျက် ရှိသည်ဟု တရားဝင် အချက်အလက်များအရ သိရသည်။

ခိုလူခရိုင်မှ နာမည် ၃၄၈ ခု ပါသည့် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးမှုများဆိုင်ရာ စာရင်းတစ်ခုကို ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ် ခိုလူခရိုင်မှ အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲဖြစ်သူက ထုတ်ပြန်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ထို စာရင်းတွင် ဘာလိုချီစတန်ပြည်နယ်တစ်ဝန်း ပျောက်ကွယ်သွားခဲ့သူများ၏ အမည်ပေါင်း ၂၂,၆၀၀ လည်း ပါဝင်နေသည်။

မကြာသေးခင်ကလည်း ကျောင်းသားများသည် မြို့တော်ရှိ သတင်းမီဒီယာကလပ်ရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ခဲ့ပြီး ပါကစ္စတန် ထောက်လှမ်းရေးအေဂျင်စီများ၏ အဓမ္မ ခေါ်ဆောင်ခြင်းကို ခံရပြီး ပျောက်ဆုံးသွားသည့် ကျောင်းသား ဟာဖိဇ် ဘာလို့ချ် ပြန်လည်လွတ်မြောက်ရေးကို တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly