ပါကစ္စတန်ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီးနောက် ပြည်နယ်အချို့၏ အုပ်ချုပ်ရေးမှူးများ ရာထူးမှ နုတ်ထွက်

By MMNews
17 April 2022
ပါကစ္စတန်ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ပြီးနောက် ပြည်နယ်အချို့၏ အုပ်ချုပ်ရေးမှူးများ ရာထူးမှ နုတ်ထွက်

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ပြီးနောက် ဘာလိုချီစတန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ဆိုင်ယက်ဒ် ဇာဟိုး အက်ဂါသည် ရာထူးမှ နုတ်ထွက်သွားခဲ့သလို ယင်းမတိုင်မီ ခိုင်ဘာ ပက်ခ်တွန်ခဝါ နှင့် ဆင်းဒ် ပြည်နယ်တို့၏ အုပ်ချုပ်ရေးမှူးများသည်လည်း ၎င်းတို့၏ ရာထူးနေရာများကနေ အသီးသီး နုတ်ထွက်ထားခဲ့ကြသည်။

နိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ဘာလိုချီစတန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ၎င်း၏ နုတ်ထွက်စာကို သမ္မတ ဒေါက်တာ အရစ်ဖ် အယ်လ်ဗီထံ ဧပြီ ၁၃ ရက်က ပေးပို့ခဲ့ခြင်း ဖြစ်သည်။

မိမိအနေဖြင့် ပြည်တွင်းကို ဝင်လာသည့် အကျင့်ပျက် ဝန်ကြီးချုပ်တစ်ဦး၏ လက်အောက်တွင် အလုပ်မလုပ်နိုင်ဟု ဆိုင်ယက်ဒ် ဇာဟိုး အက်ဂါက ပြောသည်။

အစောပိုင်းကလည်း ဆင်းဒ်ပြည်နယ် အုပ်ချုပ်ရေးမှူး အီမရန် အစ္စမေးလ်၊ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် အုပ်ချုပ်ရေးမှူး ရှား ဖာမန် နှင့် ဂီဂစ် ဘောလ်တီစတန်ဒေသ အုပ်ချုပ်ရေးမှူးတို့သည်လည်း ရာထူးမှ အသီးသီး နုတ်ထွက်ခဲ့ကြသည်။

ယင်းနိုင်ငံတွင် ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော ဖက်ဒရယ်အစိုးရ ဖြုတ်ချခံရပြီးနောက် ၎င်း၏ ပါတီမှ ခေါင်းဆောင်အားလုံးသည် ၎င်းတို့၏ အစိုးရ ရာထူးနေရာများကနေ စတင် နုတ်ထွက်နေကြခြင်း ဖြစ်သည်။

အီမရန် ခန်းသည်လည်း အမျိုးသားလွှတ်တော်ကနေ နုတ်ထွက်သည့် ၎င်း၏ နုတ်ထွက်စာကို တင်ပြထားသလို ၎င်း၏ ပါတီမှ အမျိုးသားလွှတ်တော်အမတ်အများစုသည်လည်း ၎င်းတို့၏ နုတ်ထွက်စာများကို လွှတ်တော် ဒုဥက္ကဋ္ဌ ကာဆင် ခန်း ဆူရီ ထံ တင်ပြထားပြီး လက်ရှိအချိန်အထိ အဆိုပါ နုတ်ထွက်မှုများကို လွှတ်တော် ဒုဥက္ကဋ္ဌက လက်ခံခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly