နှစ်နိုင်ငံဆက်ဆံရေးတွင် နီပေါသည် နမူနာယူလေ့လာရမည့်နေရာ ဖြစ်လာသင့်ကြောင်း တရုတ်သံအမတ်ကြီး ပြောကြား

နှစ်နိုင်ငံဆက်ဆံရေးတွင် နီပေါသည် နမူနာယူလေ့လာရမည့်နေရာ ဖြစ်လာသင့်ကြောင်း တရုတ်သံအမတ်ကြီး ပြောကြား

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟိုရန်ချီက တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်း (BRI) အရ တရုတ်နှင့်နီပေါအကြား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တွင် နီပေါနိုင်ငံသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုအတွက် နမူနာယူ လေ့လာရမည့် သရုပ်ပြဥယျာဉ်သဖွယ် ဖြစ်လာသင့်ပြီး ပထဝီနိုင်ငံရေးကစားပွဲများအတွက် လက်ဝှေ့ကြိုးဝိုင်းမဖြစ်သင့်ကြောင်း သူမ၏အမြင်ကို ပြောကြားလိုက်သည်။

နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ၎င်းတို့၏ ဆက်ဆံရေးတွင် မည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင်ဟု ယုံကြည်ထားပြီး နီပေါလူမျိုးများသည် BRI မှ အကျိုးကျေးဇူးများ ရရှိနေသလို ဆက်လက်ရရှိဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

ယန်ချီက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခတ္တမန္ဒူခရီးစဉ်ကို ထောက်ပြခဲ့လျက် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို လျှောက်လှမ်းရန် ၊ လွတ်လပ်သောပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးရန်နှင့် BRI တည်ဆောက်မှုတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်သွားရန် နီပေါအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဝမ်ယိက နီပေါကို ပြောကြားခဲ့သည်ဟု ဆိုသည်။

တရုတ်-နီပေါနယ်စပ်ဖြတ်ကျော်ရထားလမ်းစီမံကိန်း ငြိမ်သက်နေသောအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာ ယန်ချီက တရုတ်-နီပေါနယ်စပ်ဖြတ်ကျော်ရထားလမ်းဖောက်လုပ်မှုသည် ချိတ်ဆက်မှု နယ်ပယ်တွင် အရေးကြီးသောသဘောတူညီမှုတစ်ခုဖြစ်ကြောင်းနှင့် နှစ်နိုင်ငံပြည်သူများ၏ အလေးအနက် အထားဆုံး မျှော်လင့်ချက်တစ်ခုလည်းဖြစ်ကြောင်း Global Times က ဖော်ပြခဲ့သည်။

နီပေါအရှေ့ပိုင်း ဂျာပါဒေသတွင် BRI ကို ဆန့်ကျင်သော ဆန္ဒပြမှုကြီးများနှင့်အတူ နိုင်ငံအတွင်းတွင် တရုတ်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင်နေမှုများအကြား မကျေနပ်မှုများနှင့် သံသယဖြစ်မှုများ တိုးလာနေချိန်တွင် ယန်ချီက BRI ၏ အကျိုးကျေးဇူးများကို ထုတ်ဖော်ပြောဆိုနေခြင်းဖြစ်သည်။

BRI ထံမှ နီပေါနိုင်ငံ ရရှိသော အကျိုးကျေးဇူးများကို တရုတ်က ရေတွက်ပြနေသော်လည်း အလားတူ စီမံကိန်းများသည် ပါကစ္စတန်၊ သီရိလင်္ကာနှင့် အာဖရိကတို့ကဲ့သို့ နိုင်ငံများ၏ စီးပွားရေးကို ခန်းခြောက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required