ရန်ကုန်မြို့ တော်လှန်သင်္ကြန်နောက်ဆုံးရက် မြင်ကွင်း

ရန်ကုန်မြို့ တော်လှန်သင်္ကြန်နောက်ဆုံးရက် မြင်ကွင်း

ဧပြီ ၁၆

ရန်ကုန်တွင် ယနေ့ ဧပြီ ၁၆ ရက် နံနက်ပိုင်း တော်လှန်သင်္ကြန်နောက်ဆုံးရက်ကို မြို့နေလူထုက ဆက် လက်ဆင်နွဲခဲ့ကြသည်။

ယနေ့တွင် ရန်ကုန်မြို့ ဆူးလေလမ်းမကြီးအပါအဝင် ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ရန်ကင်းမြို့နယ်ရှိ ရန်ရှင်းလမ်း၊ မြန်မာပလာဇာအရှေ့ အင်းယားကန်ပေါင်တို့တွင် ယခင်ရက်များနည်းတူ ခြောက်ကပ် တိတ်ဆိတ်နေသည်။

ရန်ကုန်မြို့တွင်းခရီးသည် သယ်ယူပို့ဆောင်ရေး YBS ကားများပေါ်တွင် မဖြစ်မနေအပြင်ထွက်ရသည့် လူအနည်းစုမှလွဲ၍ ကားပေါ်တွင် လူရှင်းနေသည်ကိုတွေ့ရသည်။

စစ်ကောင်စီပြုလုပ်သည့် မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်တွင် လူအနည်းငယ်ရှိရုံမှအပ ကျန်သည့် အခြား မြို့နယ်၊ ရပ်ကွက်များတွင် ကလေးအနည်းစု ရေကစားနေသည်ကိုသာ တွေ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့နယ်အလိုက် ကားများပေါ်တွင် သေနတ်များချိန်ရွယ်ပြီး ကင်းလှည့်နေသည်ကိုလည်း တွေ့မြင်ရသည်။

#Mizzima

#ရန်ကုန်မြို့

#တော်လှန်သင်္ကြန်

#သင်္ကြန်အတက်နေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly