ပုသိမ်မြို့ကမ်းနားလမ်းရှိ ရေပေါ်စျေးရှေ့တွင် ဗုံးပေါက်ကွဲ

ပုသိမ်မြို့ကမ်းနားလမ်းရှိ ရေပေါ်စျေးရှေ့တွင် ဗုံးပေါက်ကွဲ
ဓာတ်ပုံ-ပုံအဟောင်း

ဧပြီ ၁၆

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ရေပေါ်စျေးရှေ့တွင် ယနေ့ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့် က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ရေပေါ်စျေးရှေ့ရှိ အမှိုက်ပုံးအတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ကမ်းနားလမ်းက ရေပေါ်စျေးရှေ့က စည်ပင်အမှိုက်ပုံးထဲမှာ ပေါက်တာပါ။ ဗဟိုမဏ္ဍပ်နဲ့ အနီးအနားမှာပေါက်တာလို့ပြောလို့ရတာပေါ့။ မဏ္ဍပ်ကသီချင်းဖွင့်ထားတဲ့ အသံနဲ့မို့လို့ လူတွေသိပ်မကြားလိုက်တာပါ။ ဗုံးပေါက်ပြီးပြီးချင်းတော့ ရေပေါ်စျေးဘက်ကို ဝင်ခွင့်မပေးတော့ဘူး။ အခုတော့ လမ်းတွေပြန်ဖွင့်ပေးလိုက်ပြီ"ဟုဒေသခံကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း၊အနီးအနားရှိ CCTV များအားပြန်လည်ကြည့်ရှုနေကြကြောင်း ဒေသခံများ၏အဆိုအရ သိရသည်။

#Mizzima

#ဧရာဝတီတိုင်း

#ပုသိမ်မြို့

#ရေပေါ်စျေး

#ဗုံးပေါက်ကွဲ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly