မုံရွာမြို့ အမှတ်(၂)ရဲစခန်း တိုက်ခိုက်ခံရ၍ ရဲတပ်သား ၁၂ဦးသေဆုံးဟုဆို

မုံရွာမြို့ အမှတ်(၂)ရဲစခန်း တိုက်ခိုက်ခံရ၍ ရဲတပ်သား ၁၂ဦးသေဆုံးဟုဆို

ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ်(၂)ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂-၃-၄ Chindwin Attack Force မှ ယနေ့ ဧပြီလ ၁၆ရက်နေ့တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၁နာရီ မိနစ် ၃၀ခန့်အချိန်တွင် အမှတ်(၂) ရဲစခန်းအား RPG (73MM) နှင့် စတင်ပစ်ခတ်ရာ ရဲနှစ်ယောက်ပွဲချင်းပြီးသေဆုံးကာ လက်နက်ငယ်များနှင့် ဆက်တိုက် ပစ်ခတ်မှုကြောင့် ၁၀ယောက်ထပ်မံသေဆုံးသွားကြောင်းဆိုသည်။

ယင်းတိုက်ပွဲသည် မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂ ) ၊ (၃) နှင့် (၄) ၏ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၂ )၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ - Monywa The Boys၊ တပ်ခွဲ (၁) - Monywa Ranger group/Truth Army၊ တပ်ခွဲ (၃) - Northwest Plains Revolutionary Forces-NPRF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မိနစ် ၃၀အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း RPG (73MM) ဗုံးသီးနှင့်အတူ လက်နက်ငယ်ကျည် ၅၃၀ကျော်အသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ၏ ရဲတပ်ဖွဲ့များဘက်မှလည်း 40(MM)ဗုံးသီး၊ လက်နက်ငယ်များနှင့် ပြန်လှန်ပစ်ခတ်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့က တပ်ကူများ ရောက်မလာမီ PDF တပ်ပေါင်းစုမှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်း ဆိုသည်။

ယမန်နေ့ ဧပြီလ ၁၅ရက်နေ့ကလည်း မုံရွာမြို့ တမာတန်းလမ်းဆုံ မီးပွိုင့်ရှိ စစ်ဆေးရေး ဂိတ်အား Chindwin Attack Force၏ တပ်ခွဲ (၁ )Monywa Ranger Group (Truth Army ) တပ်စိပ် (၁) Monywa Red Peacock မှ လက်ဗစ်ဗုံး နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးသွားကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#အမှတ်(၂)ရဲစခန်း

#တိုက်ခိုက်ခံရ

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required