ရော်ဂျာကို အနိုင်ကစားခဲ့ပြီး နှစ်နှစ်ဆက် ဗိုလ်လုပွဲတက်တဲ့ ဂျိုကိုဗစ်

ရော်ဂျာကို အနိုင်ကစားခဲ့ပြီး နှစ်နှစ်ဆက် ဗိုလ်လုပွဲတက်တဲ့ ဂျိုကိုဗစ်
(ဆီမီးဖိုင်နယ် ယှဉ်ပြိုင်တဲ့ ဂျိုကိုဗစ်။ ဓာတ်ပုံ - လင်းဘိုဘို၊ အီးပီအေ)

ယနေ့ (ဇန်နဝါရီ ၂၈) ၂၀၁၆ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသား (တစ်ဦးချင်း) ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်တဲ့ ကမ္ဘာ့အဆင့် (၁) နှင့် လက်ရှိ ချန်ပီယံ နိုဗက်ခ် ဂျိုကိုဗစ် (ဆားဘီးယား) နဲ့ ကမ္ဘာ့အဆင့် (၃) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) တို့ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ဂျိုကိုဗစ် က ၆-၁၊ ၆-၂၊ ၃-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့တာကြောင့် သြစတြေးလျအိုးပင်း ဖိုင်နယ်အဆင့်ကို တက်ရောက်သွားခြင်းဖြစ်ပါတယ်။

"ကျနော့် ကစားသမားဘဝမှာ အောင်မြင်မှုတွေ ရရှိဖို့ ရော်ဂျာနဲ့ ရာဖာတို့က အကူအညီအများကြီး ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်နဲ့ ယှဉ်ပြိုင်ကစားရတာဟာ ကျနော့်ကို ပိုမိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်စေပါတယ်။" လို့ ပွဲအပြီး ပြောကြားခဲ့ပါတယ်။

အရင် ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ၂၂ ပွဲစီ အနိုင်ရရှိထားခဲ့ပါတယ်။ ယခုပွဲစဉ်ဟာ ၄၅ ကြိမ်မြောက် တွေ့ဆုံတာဖြစ်ပြီး   ဂျိုကိုဗစ်အနေနဲ့ ပထမဆုံးအကြိမ်အသာရခဲ့တာဖြစ်ပါတယ်။  ဂျိုကိုဗစ်ဟာ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ၅ ကြိမ် ဗိုလ်စွဲထားတာဖြစ်ပြီး ၆ ကြိမ်မြောက် ရရှိဖို့လည်း နီးစပ်နေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly